ဝမ်းတွင်းမြို့ရှိ သဇင်ဖြူအမှတ်တံဆိပ် ကွန်ပျူတာပန်းထိုးအထည်စက်သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းအား အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့ရှိ သဇင်ဖြူအမှတ်တံဆိပ် ကွန်ပျူတာပန်းထိုးအထည်စက်သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းအား အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း




မိတ္ထီလာ  ၊ ဇူလိုင် ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် (၂) ညီနောင်ရပ်ရှိ သဇင်ဖြူ အမှတ်တံဆိပ် ကွန်ပျူတာပန်းထိုးအထည်စက်သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများ ယမန်နေ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ သိရသည်။


စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒုတီယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သဇင်ဖြူအမှတ်တံဆိပ် ကွန်ပျူတာပန်းထိုးအထည်စက်သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်း အခြေအနေများအား ကွင်းဆင်းရာတွင် သဇင်ဖြူအမှတ်တံဆိပ် ကွန်ပျူတာပန်းထိုး အထည်စက်သည် လုပ်သားအင်အား (၄၀) ဦးဖြင့် ကွန်ပျူတာ စက်ပန်းထိုးအထည်များ ယက်လုပ်လျက်ရှိရာ တစ်ရက်လျှင် အမျိုးသမီးဝတ်ဝမ်းဆက်အထည် (၂၀၀) နှုန်းဖြင့် တစ်လအထည် (၆၀၀၀) ထုတ်လုပ်နိုင်ကြောင်း၊ ထုတ်လုပ်ရရှိသောအထည်များကို ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံအနှံအပြားသို့ တင်ပို့လျက်ရှိရာ မြို့ပေါင်း (၃၆၀) သို့ တင်ပို့နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လုံချည်တစ်ကွင်းလျှင် (၁၆၀၀၀) ကျပ်၊ ဝမ်းဆက်တစ်စုံလျှင် (၁၉၀၀၀ မှ ၂၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရပြီး၊ ဒေသတွင်းအောင်မြင်မှုရရှိနေသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သဇင်ဖြူကွန်ပျူတာပန်းထိုးအထည်စက်အနေဖြင့် ယခုအခါ ဈေးကွက်သစ်များ ထပ်မံချဲ့ထွင်ခြင်းကို အွန်လိုင်းမှပါတဆင့် ဆောင်ရွက်နေကြောင်း သိရပြီး ဌာနမှ အွန်လိုင်းဖြင့် ရောင်းဝယ်ရာ၌ တရားဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                   


သိန်းမြင့်ကျော်(မိတ္ထီလာ)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)