တရုတ်မြို့တော် ရေကြီး ၊ လူ ၄၀ ကျော်သေ ၊ အများအပြားပျောက်ဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်မြို့တော် ရေကြီး ၊ လူ ၄၀ ကျော်သေ ၊ အများအပြားပျောက်ဆုံး




ဇူလိုင် - ၂၉ ( အင်္ဂါနေ့)

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းတွင် ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အသေအပျောက်အများစုမှာ မီယန်ဒေသ မြောက်ဘက် တောင်ကုန်းဆင်ခြေဖုံးတွင်ဖြစ်ပြီး လူ ၈သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။ အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၃၀ မှာ လျှပ်စစ်မီးပြတ်တောက်ကာ သွားလာရန်ခက်ခဲသောကြောင့် နေရာအများအပြား လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။ မြို့တော်မြောက်ဘက် ယန်ကျင်း တွင် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဘေကျင်းမြို့အရှေ့မြောက်ဘက် မိုင် ၁၄၀ အကွာက ချန်ဒီမြို့မှာ မြေပြိုမှုဖြစ်လို့ လူ ၈ ဦးသေဆုံးခဲ့ပြီး ၄ ဦးပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့ပါတယ်။ ဘေဂျင်းမြို့အနောက်တောင်ပိုင်း ရှန်ရှီးပြည်နယ်တွင် ပျောက်ဆုံးနေတဲ့ ဘတ်စ်ကားတစ်စီးထဲမှာ ခရီးသည်တစ်ဦးရဲ့ ရုပ်အလောင်းအား တနင်္ဂနွေနေ့က မြစ်တစ်စင်းရဲ့ကမ်းဘေးမှာ ပြန်လည်တွေ့ရှိခဲ့သော်လည်း အခြားခရီးသည် ၁၃ ဦီးကို အာဏာပိုင်များက ရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။

ဒီကနေ့ ညနေပိုင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းထားသဖြင့် သမ္မတ ရှီကျင့်ဖျင် က ပျောက်ဆုံးနေသူကို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များကို အစွမ်းကုန် ကြိုးပမ်းပေးပါရန် တောင်းဆိုထားပါတယ်။ 

"ပျောက်ဆုံးနေတဲ့သူတွေ ဒါမှမဟုတ် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ပေးပါ။ ထိခိုက်ပျက်စီးတဲ့ ဒေသများတွင် နေထိုင်သူများအား ပြောင်းရွှေ့အခြေချနေထိုင်ရန် လုပ်ပေးပါ။ အသေအပျောက်အနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ လုပ်ပေးပါ။ ကြိုးပမ်းအားထုတ်မှုတွေကို လျှော့မချကြပါနဲ့ " လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)