မြောက်ဥက္ကလာပ၊ ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး နှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝေဘာဂီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် နေမျိုးလှိုင်ကယနေ့ခေတ် နည်းပညာများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့် အချက်များ ၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အချက်အလက်များ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား ကျောင်းသား၊ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အသုံးပြု၍ အွန်လိုင်းဘဏ်စနစ်ဖြင့် ငွေကြေးလိမ်လည်နေမှု ဖြစ်စဥ်များ၊ ဖြစ်ပွားနေမှုများ၊ သတိထားရမည့်အချက်များ၊ အိမ်နီးချင်းနိုင်ငံများ၌ ဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ (Video Click)အား ပြသရှင်းလင်းခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကြောင့် ကျခံရမည့် ပြစ်ဒဏ်များ စသည့်တို့အား အသိပညာပေးဟောပြောခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါအသိပညာဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ ၊မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်၊အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုး နှင့် ဆရာ ၊ ဆရာမ များ၊ညရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်နှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment