နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲတက်ရောက်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲတက်ရောက်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး




နေပြည်တော်  ၊ ဇူလိုင် ၂၄


နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တစ်ဦးချင်းဗန်တိုအတိုက်ယှဉ်ပြိုင်နေမှုနှင့် မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှုများအားကြည့်ရှုအားပေးပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသော (၄၀-၄၅)ကီလို ဗန်တိုအတိုက်ပြိုင်ပွဲ၊ (၄၅-၅၀)ကီလို ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓါးတစ်လက်ပြိုင်ပွဲ၊ ဓါးနှစ်လက်ပြိုင်ပွဲတို့တွင်ဆုရရှိသူများနှင့် (၆၃)မောင်း ပြိုင်ပွဲတွင် တတိယဆု၊ ဒုတိယဆုရရှိသောအသင်းများအား နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ငွေသားဆုများပေးအပ်ချီးမြင့်ကြသည်။ ထို့နောက် (၆၃)မောင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပုဗ္ဗသီရိမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကိုလည်းကောင်း၊ တံခွန်စိုက်ဆုရရှိသော ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားအားလည်းကောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေးအပ်ချီးမြင့်ခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်ပြီး လယ်ဝေးမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်းသို့သွားရောက်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရန်အတွက် မြေရှင်းလင်းခြင်းလုပ်ငန်းများဆောက်ရွက်နေမှု၊ သစ်ပင်စိုက်ပျိုးရန်ကျင်းတူးနေမှုနှင့် ပန္နက်ရိုက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာနသို့သွားရောက်ပြီး သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင်များစုဖွဲ့ထားရှိမှု၊ စက်၊ ယာဉ်၊ ယန္တရားပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်တောရဆုတောင်းပြည့် ကျောင်းတိုက်သို့သွားရောက်ပြီး သဘာဝဘေးကယ်ဆယ်ရေးအတွက် စက်လှေများအသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)