ပုသိမ်၊ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ၁၃-၇-၂၀၂၅ ရက်နေ့က ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါ အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ထိုသို့ကုသပေးခဲ့ရာတွင် အထူးကုဆရာဝန်ကြီးများမှ အထွေထွေရောဂါကုသလူနာ(၄၁၃) ဦး၊ မျက်စိရောဂါကုသလူနာ(၁၅၆) ဦး၊ အရိုး၊ အကြော၊ အဆစ်လူနာ (၁၇၁) ဦး၊ ခွဲစိတ်လူနာ(၂၈) ဦး၊ ကလေးလူနာ(၃၅) ဦး၊ ပြန်လည်သန်စွမ်းရေးလူနာ (၁၀) ဦး၊ သားဖွားမီးယပ်လူနာ(၄၁) ဦး၊ အရေပြားလူနာ (၅၂) ဦး၊ စိတ်ကျန်းမာရေးလူနာ(၆)ဦး၊ သွားနှင့်ခံတွင်းလူနာ(၉၂) ဦး စုစုပေါင်းလူနာ(၁၀၀၄) ဦးအား အခမဲ့ကုသပေးခဲ့ပြီး အသေးစားခွဲစိတ်မှု (၅) ဦး ဆီးချိုစစ်ဆေးခြင်း (၂၀၀)ဦး၊ အီးစီဂျီရိုက်ခြင်း (၅၀)ဦး၊ ဓာတ်မှန်ရိုက်ခြင်း(၅)ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း(၇၀)ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ပုသိမ်ဆေးရုံကြီးသို့ လူနာ (၈၆) ဦး ပို့ခဲ့သည်။
၎င်းဆေးခန်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသုတ်မြို့ဒေသခံလုပ်ငန်းရှင်များက ဆေးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်အိတ် (၁)အိတ်နှုန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment