မြစ်ကြီးနား၊ ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့တွင် ၂၄.၇.၂၀၂၅ ရက်နေ့၊ ၁၇ ၀၅ အချိန်ခန့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းပင်သာရပ်ကွက်၊ ကျွန်းရွှေဝါလမ်းမကြီးတွင် Honda Fit Shuttleအမျိုးအစား ယာဉ်ပေါ်သို့ လုံးပတ်(၈)ပေခန့်ရှိသော ပျဉ်းကတိုးပင်လဲကျပြီး ကျား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်စက်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ Towing ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မြစ်ကြီးနားခရိုင်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ပေးဆပ်သူလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment