ဒီနေ့က ကမ္ဘာနဲ့ နေ နဲ့ အဝေးဆုံးနေ့ပါပဲ
ဇူလိုင် - ၄ ( သောကြာနေ့ )
ဇူလိုင်လ ၃ ရက်နေ့က ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာနဲ့ နေနဲ့ အဝေးဆုံးနေ့ပါပဲ။ အဲ့ဒိဖြစ်စဉ်ကို အဖီလိုင်းယွန် လို့ခေါ်ပါတယ်။ နေကို ကမ္ဘာက ဘဲဥပုံစံလမ်းကြောင်း နဲ့ ပတ်နေတာဖြစ်လို့ အဖီလိုင်းယွန်ဖြစ်စဉ်အချိန်မှာ နေနဲ့ကမ္ဘာက မိုင်ပေါင်း ၉၄.၅ သန်း အကွာအဝေးဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ ကမ္ဘာက နေနဲ့အနီးဆုံးကို ရောက်ခဲ့ပြီး အကွာအဝေးမိုင်က ၉၃သန်း ရှိပါတယ်။
လီဗာပူး တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ကားပေါက်ကွဲပြီး ကွယ်လွန်
ဇူလိုင် - ၄ ( သောကြာနေ့ )
စပိန်နိုင်ငံဇာမိုရာမြို့မှာ လီဗာပူး က တိုက်စစ်မှူး ဒီယိုဂိုဂျိုတာ တစ်ယောက် ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ် ။ သူမကွယ်လွန်ခင် ၂ ရက်က ချစ်သူနဲ့ မင်္ဂလာဆောင်လိုက်ပါသေးတယ် ။ အဲ့ဒိမတော်တဆမှုမှာ သူ့ရဲ့အကို အန်ဒရီဆီလ်ဗာလ် လည်းပါဝင်ပြီး ကံမကောင်းလိုက်ပါဘူး ။ သတင်းတွေအရတော့ သူတို့မောင်းလာတဲ့ ကားက လမ်းချော်မှောက်ပြီး မီးလောင်သွားခဲ့တာပါ ။ ဒီယိုဂို က လီဗာပူးကို ၂၀၂၀ က ရောက်လာခဲ့ပြီး ဒီနှစ် ၂၀၂၅ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းကိုင်မြှောက်ခွင့်ရအောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ သူလည်းဖြစ်ပါတယ် ။
ထောပတ်သီးက သွေးချိုထိန်းပြီး စိတ်ကိုငြိမ်စေတယ်တဲ့
ဇူလိုင် - ၄ ( သောကြာနေ့ )
ဘီ ၆ ၊ ဖောလိတ် ၊ မဂ္ဂနီဆီယံ နဲ့ ကျန်းမာအဆီတွေ ပါလို့ ထောပတ်သီးကို စားလေ့စားထ ရှိတာက ဦးနှောက်နဲ့ သက်ဆိုင် တဲ့ လှုတ်ရှားမှုတွေကို တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ် ။ ကော်တီဆုမ်းတွေကို ထိန်းညှိပေးတယ်။ သွေးချိုအတက်အကျကို ချိန်ပေးတယ် ။ စိတ်ငြိမ်အောင်လုပ်တဲ့ နေရာမှာတော့ ထောပတ်သီးက အကောင်းဆုံးကစားသမားပါပဲ ။ ထောပတ်သီးစားလိုက်တာနဲ့ စိတ်ထဲမှာ ကျေနပ်ရောင့်ရဲမှုတွေကို ဖြစ်စေတယ်လို့ လည်း ဆိုပါတယ်။
REF: Multi Media
https://t.me/MyanmarNationalPost
No comments:
Post a Comment