အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက အာရှဒေသတွေကို မတည်ငြိမ်မှုဖြစ်စေပါတယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက အာရှဒေသတွေကို မတည်ငြိမ်မှုဖြစ်စေပါတယ်လို့ဆို


ဇူလိုင် -၁၃ ( တနင်္ဂနွေနေ့ ) 

ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်များရဲ့ စစ်ရေးလှုပ်ရှားမှုများက ဒေသတွင်း တစ်ခုလုံးရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့ပါတယ်။ 

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က သူတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အရေအတွက်ကို တိုးမြှင့်လုပ်ဆောင်နေပြီး အချို့မှာ နျူကလီးယား နဲ့ ပတ်သက်တဲ့ လှုတ်ရှားမှုတွေ ပါ ပါဝင်နေတယ်လို့ လာရော့ဗ် က ဝမ်ဆန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 

“ဒါက ကိုရီးယားကျွန်းဆွယ်မှာသာမက အရှေ့မြောက်အာရှတစ်ခွင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ အထောက်အကူမပြုပါဘူး” လို့ ၎င်းက ဆိုးလ်နှင့် ပြုံယမ်းနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ရည်ရွယ်ချက်အပေါ် သံသယရှိကြောင်း ဖော်ပြခဲ့ပါတယ်။ 

လာရော့ဗ်က “အင်ဒို-ပစိဖိတ်ဒေသပြင်ပ ပုဂ္ဂိုလ်တွေရဲ့ အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုအဖြစ် သီးသန့်မဟာမိတ်တွေဖွဲ့ပြီး ဒေသတွင်း နေတိုးအခြေခံအဆောက်အအုံတွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းမှုတွေကို ရှုတ်ချပါတယ်။ ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးသည် ယူရေးရှားရှိ နိုင်ငံအားလုံးအတွက် "တန်းတူပြီး ခွဲခြားမရနိုင်သော လုံခြုံရေး" ဆိုင်ရာ ကတိပြုထားသည့် နိုင်ငံများနှင့် မဟာမိတ်များ မတည်ဆောက်သင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။ 

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ယခုသီတင်းပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်၏ နျူကလီးယား စွမ်းရည်ရှိသော B-52H ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ဖြန့်ကျက်ခြင်း ပါဝင်ပါတယ်။  ပူးတွဲထုတ်ပြန်ချက်တွင် မဟာမိတ်များက ပြုံယမ်းသည် ကိုရီးယားကျွန်းဆွယ်ကို မတည်မငြိမ်ဖြစ်စေသည့် “တရားမဝင်လုပ်ဆောင်မှုများ” ဖြစ်တယ် လို့ စွပ်စွဲထားပါတယ်။ 

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ကာကွယ်ရေးသဘောတူစာချုပ်ကို ၂၀၂၄ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုး ခဲ့ပြီး ယင်းနှစ်နှောင်းပိုင်းတွင် ရုရှားနိုင်ငံ ကာ့စ် ဒေသမှ ယူကရိန်းတပ်ဖွဲ့များကို မောင်းထုတ်ရာတွင် ကူညီရန်အတွက် ပြုံယမ်းက တပ်ဖွဲ့များကို စေလွှတ်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)