ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်
ခရီးစဉ်စတုတ္ထရက်(ဇွန်လ ၂၈ ရက်နေ့) မနက်အစောပိုင်းမှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်သမ္မတနိုင်ငံမှတစ်ဆင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ဆက်လက်သွားရောက်ခဲ့ပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ်မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင် လောက်မှာ ရောက်ရှိခဲ့ပြီး ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov နဲ့ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနဲ့အညီ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ကနေ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ်မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ပျံသန်းချိန် ၆ နာရီကျော်ကြာမြင့်ပါတယ်။
အဲဒီနောက် တည်းခိုမယ့် ဟိုတယ်သို့သွားရောက်ပြီး ဟိုတယ်၌ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ တက်ရောက်ကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ခရီးစဉ်စတုတ္ထနေ့မှာလည်း ညစာစားပွဲ ပြီးတဲ့အချိန်ဟာ ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်လောက်ရောက်သွားတဲ့အတွက် နောက်တစ် နေ့အစီအစဉ်တွေနဲ့ နိုင်ငံအတွင်းက လုပ်ငန်းဆောင်တာတင်ပြချက်တွေကို စီမံညွှန်ကြားရင်း နိုင်ငံတော်အကြီးအကဲရဲ့ အနားယူချိန် ညဉ့်နက်ခဲ့ရပြန်ပါတယ်။
Baikal ရေကန်၊ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့သို့ သွားရောက် ကြည့်ရှုလေ့လာ”
ခရီးစဉ် ၅ ရက်မြောက်(ဇွန်လ ၂၉ ရက်နေ့) မနက်ပိုင်းမှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သို့ ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ Baikal ရေကန်ကို ရဟတ်ယာဉ်များဖြင့် သွားရောက်လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလို Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေး စက်ရုံသို့သွားရောက်ပြီး စက်ရုံအတွင်း ပြုပြင်ရေးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြပါတယ်။ စက်ရုံအတွင်းကြည့်ရှုလေ့လာစဉ် ဘူရားတီးရားပြည်နယ်မှ Arigus၊ ATV၊ Tivicom တို့ အပါအဝင် ဒေသခံမီဒီယာများကလည်း လာရောက်သတင်းရယူမေးမြန်း ခဲ့ကြရာ နိုင်ငံတော်အကြီးအကဲမှ မီဒီယာများသိရှိလိုတဲ့ မြန်မာနိုင်ငံနဲ့ ဘူရားတီးရားပြည်နယ်အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုနည်းပညာ၊ ခရီးသွားကဏ္ဍ စတဲ့နယ်ပယ်ကဏ္ဍအသီးသီးတို့မှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားခဲ့ပါတယ်။
အသက်အရွယ်နဲ့မမျှ ပင်ပန်းနွမ်းနယ်မှုဒဏ်တွေကို ကြံ့ကြံ့ခံအံတုပြီး နိုင်ငံနဲ့ ပြည်သူတွေ ကောင်းရာ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့
ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ်မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ နေပြည်တော်ကို မြန်မာစံတော်ချိန် ညနေ ၆ နာရီ ဝန်းကျင်မှာ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲ သွားရောက်ခဲ့တဲ့ ၅ ရက်ကြာခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရတဲ့ နိုင်ငံနဲ့ပြည်သူတွေ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင် ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်အကြီးအကဲရဲ့ အသက်အရွယ်နဲ့ မမျှအောင် တက်တက်ကြွကြွဖျတ်ဖျတ်လတ်လတ်နဲ့ လုပ်ဆောင်နိုင်စွမ်းကိုတော့ မိမိလို လူငယ်တစ် ယောက်အနေနဲ့ မချီးကျူး မလေးစားဘဲမနေနိုင်လောက်အောင် တကယ့်ကို ချီးကျူးလေးစားမိပါ တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးသွားရောက်ခဲ့တဲ့ ခရီးစဉ်အကွာအဝေးဟာ ကီလိုမီတာအားဖြင့် ၁၇၅၉၅.၆ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၀၉၃၃.၄ မိုင်ရှိပြီး လေယာဉ်/ရဟတ်ယာဉ် ပျံသန်းစီးနင်းချိန် ၂၅ နာရီ အထိရှိခဲ့ပါတယ်။ မော်တော်ယာဉ်စီးနင်းပြီး သွားလာခဲ့ရတဲ့ ခရီးအကွာအဝေးဟာ ကီလိုမီတာအားဖြင့် ၄၇၄.၆ ကီလိုမီတာ၊ မိုင်အားဖြင့် ၂၉၄.၉ မိုင်ရှိပြီး မော်တော်ယာဉ်စီးနင်းချိန်ဟာ ၈ နာရီနီးပါးရှိပါတယ်။ နိုင်ငံတော်အကြီးအကဲတစ်ယောက်အတွက် မိုင်ပေါင်း ၁ သောင်းကျော် သွားရောက်ခဲ့တဲ့ခရီးစဉ်ကို ရက်နဲ့တွက်ကြည့်မယ်ဆိုရင် လေယာဉ်/ရဟတ်ယာဉ်/မော်တော်ယာဉ် စီးနင်းချိန်ဟာ နာရီပေါင်း ၃၃ နာရီနီးပါးရှိလို့ တစ်ရက်ခွဲနီးပါးတောင် စီးနင်းခဲ့ရတာဖြစ်ပါတယ်။ ဒီအကွာအဝေးဟာ နည်းတဲ့အကွာအဝေးမဟုတ်ပါဘူး။ မိမိလို လူငယ်တစ်ယောက်တောင် ခရီး ပင်ပန်းမှုဒဏ်ကို တော်တော်လေးခံစားခဲ့ရပါတယ်။ ပြီးတော့ နိုင်ငံတော်အကြီးအကဲရဲ့ လက်ရှိ အသက်အရွယ်နဲ့ဆိုရင် ခရီးစဉ်အတွင်းမှာ စားချိန်မမှန်၊ အိပ်ချိန်မမှန်ဘဲ အနားယူအိပ်စက်ရတဲ့ အချိန်ဟာ အင်မတန်မှ နည်းပါးလွန်းခဲ့ပါတယ်။
အဲဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ အနားယူချိန်တွေဟာ မြန်မာနိုင်ငံမှာဆိုရင် ညဉ့်အရမ်းနက်ပြီး နောက်တစ်ရက်ကိုတောင် ကူးခဲ့တဲ့ရက်တွေချည်းပါပဲ။ ဒီလိုမျိုး ပင်ပန်းမှုဒဏ်ကို တော်ရုံတန်ရုံလူဆိုရင် လုံးဝခံနိုင်စရာအကြောင်းမရှိဘဲ ဗုန်းဗုန်းလဲသွားမှာ ကျိန်းသေတယ်။ ဒါပေမဲ့ နိုင်ငံတော်အကြီးအကဲကတော့ ခရီးစဉ်တစ်လျှောက်လုံး သွားရောက်ခဲ့တဲ့ ခရီးအကွာအဝေးပင်ပန်းမှုဒဏ်တွေ၊ စားချိန်မမှန်၊ အိပ်ချိန်မမှန် ပင်ပန်းမှုဒဏ်တွေကို အသက် အရွယ်နဲ့မမျှအောင် နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက်ဆိုတဲ့စိတ်နဲ့ နေ့မအား ညမနားဆောင်ရွက်ရင်း ပင်ပန်းမှုဒဏ်တွေကို ကြံ့ကြံ့ခံအံတုပြီး အပြုံးမပျက် လူငယ်ခေါင်းဆောင် တစ်ယောက်လို တက်တက်ကြွကြွဖြင့် ဆောင်ရွက်ခဲ့တာတွေဟာ တကယ့်ကို လေးစားအတုယူစရာ ကောင်းလွန်းပါတယ်။
မင်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment