၂၀၃၀ မှာ တတိယကမ္ဘာစစ်ဖြစ်နိုင်တယ်လို့ ပြင်သစ်က သုံးသပ်ထားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၃၀ မှာ တတိယကမ္ဘာစစ်ဖြစ်နိုင်တယ်လို့ ပြင်သစ်က သုံးသပ်ထားပြီ


ဇူလိုင် - ၁၆ ( ဗုဒ္ဓဟူးနေ့ ) 

ပြင်သစ်နိုင်ငံ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး အထွေထွေအတွင်းရေးမှူးရုံးမှ တနင်္လာနေ့က ထုတ်ပြန်တဲ့ အမျိုးသား မဟာဗျူဟာ ပြန်လည်သုံးသပ်မှု အစီရင်ခံစာအသစ်မှာ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၃၀ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်စရာရှိတဲ့  ဥရောပတိုက် အတွင်း “အဓိကစစ်ပွဲကြီး” ကို ကြိုတင်ပြင်ဆင်ရန်လိုကြောင်း နဲ့ မျှော်လင့်ထားသင့်ကြောင်း ပါရှိပါတယ်။ 

ဥရောပကို တိုက်ခိုက်ရန် စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို မော်စကိုက ငြင်းဆိုထားသော်လည်း ယင်းစာတမ်းပါ အချက်အလက်များအရ ရုရှားက အရှေ့အလယ်ပိုင်းက အီရန်နဲ့ ပတ်သက်မှု၊ အာရှက တရုတ်နဲ့ လက်တွဲထားမှု၊ အာဖရိက က အကြမ်းဖက်ဝါဒ တွေနဲ့ ဆက်စပ်မှု၊ လူမျိုးရေး ဆိုင်ရာ ခွဲထွက်ရေးဝါဒ၊ ဆိုက်ဘာ ရာဇဝတ်မှုတို့ နဲ့ ပတ်သက်မှုတွေ ရှိလို့ ဥရောပ နိုင်ငံတွေအတွက် ရုရှားက အဓိကခြိမ်းခြောက်မှုဖြစ်လာနိုင်စရာ ရှိတယ် ဆိုပြီး တံဆိပ်ကပ်ထားပါတယ်။ 

"ကျွန်ုပ်တို့သည် ၂၀၃၀ ခုနှစ်တွင် ဥရောပတွင် ပြင်းထန်သော စစ်ပွဲကြီး ဖြစ်ပွားနိုင်ခြေ မြင့်မားနေတဲ့ ခေတ်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်တယ်" လို့ သုံးသပ်ချက်တွင်ဖော်ပြထားပါတယ် ။ အဓိကကတော့ ပြင်သစ်နှင့် ၎င်း၏ ဥရောပ မဟာမိတ်များက ပစ်မှတ်ထားခံရမယ်လို့ ထပ်လောင်း သတိပေးထားပါတယ်။ အစီရင်ခံစာတွင် 'ရုရှားခြိမ်းခြောက်မှု'၊ 'ရုရှားကျူးကျော်မှု' ဆိုတဲ့ အသုံးအနှုန်းကို အကြိမ် ၅၀ ကျော် သုံးထားပါတယ်။ 

အထူးသဖြင့် ရုရှားက ပြင်သစ်ရဲ့ မိတ်ဖက်များနှင့် မဟာမိတ်များ၏ အကျိုးစီးပွားများ၊ ဥရောပတိုက်ကြီးနှင့် ယူရို-အတ္တလန်တိတ်ဒေသ တည်ငြိမ်ရေးတို့အတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်နေပါတယ် လို့ ဆိုထားပါတယ်။ မော်စကိုက ဆိုက်ဘာတိုက်ခိုက်မှု၊ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများကို လုပ်နေတယ် လို့လည်း စွပ်စွဲထားပါတယ်။ "ထိပ်တိုက်ရင်ဆိုင်ရေးချဉ်းကပ်မှု" ကိုအတည်ပြုထားပြီး အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့နဲ့ ဆက်ဆံရေးချဲ့ထွင်ရန် မော်စကို၏ကြိုးပမ်းမှုများက အဲ့လိုဖြစ်အောင် လုပ်နေတာပဲ လို့ ပါရှိပါတယ်။ 

ရုရှားက မော်လ်ဒိုဗာ၊ ဘော်လကန်နိုင်ငံများ သို့မဟုတ် အရှေ့ဥရောပနေတိုးအဖွဲ့ဝင်များအပေါ် အရေးယူဆောင်ရွက်နိုင်ကြောင်းကိုလည်း သုံးသပ်ချက်တွင် သတိပေးထားပြီး အီရန်နှင့် တရုတ်တို့ကို ဗျူဟာမြောက် ခြိမ်းခြောက်မှုများအဖြစ်လည်း အမည်ပေးထားပါတယ်။ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုကို ကြိုးပမ်းနေချိန်တွင် အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။ 

ပြင်သစ်သည် ၎င်းရဲ့စစ်တပ်ကို အားဖြည့်ရမှာဖြစ်ပြီး ၎င်း၏စီးပွားရေးကို “စစ်ပြင်ဆင်မှု” သို့ ပြောင်းရမယ်လို့ သုံးသပ်ချက် နိဂုံးချုပ်တွင်ထည့်သွင်းထားပါတယ်။ ရန်လိုမှုကို ဟန့်တားရန်အတွက် နိုင်ငံအတွင်းနှင့် EU တခွင်လုံးတွင် စစ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ရန် တောင်းဆိုထားပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)