ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်












ပဲခူး၊ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲသည် နတ်တလင်းမြို၊ ရွှေလင်းခန်းမ ဘက်စုံပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းမြို့၊ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်မှုရှိစေရေး၊ Landscaping မြေယာအလှ ရှုခင်းများဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ အရိပ်ရပြီး စား၍ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် နိုင်ငံ့ဝန်ထမ်းများ စည်းစည်းလုံးလုံး တစ်စုတစ်စည်းတည်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၌ တောင်သူဦးသောင်း၏ မိုးစပါးစိုက်ခင်း(၁၀)ဧကအား ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ခဲ့သည့် လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာသီပြီးပါက သီးထပ်စိုက်ပျိုးသွားရန်၊ ဓါတ်မြေဩဇာသုံးစွဲမှုလျော့ချပြီး ဒေသတွင်းထုတ် သဘာဝမြေဩဇာ အစားထိုးသုံးစွဲရန် ပြောကြားခဲ့ပြီး မိုးစပါးစိုက် တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ ကျွန်းကုန်းကျေးရွာ အုပ်စုရှိ ဦးအေးကြိုင်၏ လယ်မြေ(၁၀)ဧက၌ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ခဲ့သော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေးသည် သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား တိုးတက်မှုပေါ် မူတည်လျက်ရှိနေသဖြင့် မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့ က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မိုးစပါး စိုက်တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)