ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆို


ဖနွမ်းပင်၊ ဇူလိုင် ၂၈ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်အခြေအနေနှင့် စပ်လျဉ်း၍ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက် ညပိုင်းက လူမှုကွန်ရက်တွင် ပို့စ်ရေးသားဖော်ပြခဲ့သည်။

ဟွန်မန်နက်က “ကျွန်တော့်အနေနဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် ကွာလာလမ်ပူမှာ ကျင်းပမယ့် အထူးအစည်းအဝေးတက်ရောက်မှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ ယခုအကြိမ် အစည်းအဝေးက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီချက်ရရှိခဲ့ပြီး ရည်မှန်းချက်မှာ “အပစ်အခတ်ရပ်စဲရေး ချက်ချင်းရရှိရန်” ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ယခုအကြိမ် အထူးအစည်းအဝေးအား အဆိုပြုမှု၊ ညှိနှိုင်းပေးမှုနှင့် ကြီးမှူးကျင်းပပေးမှုကို ကျေးဇူးတင်ကြောင်း ဟွန်မန်နက်က ပို့စ်တွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် အန်ဝါ၏ ဖိတ်ကြားမှုအရ ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်အား ဆွေးနွေးရန် အဖွဲ့ကို ဦးဆောင်၍ မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ဇူလိုင် ၂၇ ရက်၌ ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)