ယူကရိန်းသမ္မဟောင်းက ဇီလန်စကီးကို အာဏာရှင်လို့ စွပ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းသမ္မဟောင်းက ဇီလန်စကီးကို အာဏာရှင်လို့ စွပ်စွဲ


ဇူလိုင် - ၂ ( ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်းသမ္မတဟောင်း ပိုင်အိုထရာ ပေါရိုရှန်ကို က သူ့ရဲ့ရာထူးကို ဆက်ခံသူ ဗလာဒီမာ ဇီလန်စကီးက နိုင်ငံရေးပြိုင်ဘက်များကို ဖိနှိပ်ရန် နိုင်ငံတော်အာဏာကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ အဲ့ဒိအကြောင်းကို မနေ့ကထုတ်ဝေတဲ့ The Times မဂ္ဂဇင်းက အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

၂၀၁၉ သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ ပေါရိုရှန်ကို က ဇီလန်စကီးဟာ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလတုန်းက သူ့ကို ပစ်မှတ်ထားပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြောင်း၊ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့ကြောင်း၊ ဒွန်ဘားစ်ဒေသပဋိပက္ခကို ဖြေရှင်းရန် ပျက်ကွက်မှုကို ဝေဖန်ခြင်းဖြင့် လူရွှင်တော်ဘဝမှ နိုင်ငံရေးသမား အဖြစ်ပြောင်းလဲလာခဲ့ကြောင်း၊ အာဏာရပြီးတဲ့အချိန်မှာ ဇီလန်စကီးက မော်စကိုအစိုးရနဲ့ စစ်ရေးတင်းမာမှုဖြစ်အောင် မူဝါဒများကို ပြုပြင်ခဲ့ကြောင်း ဆိုသွားပါတယ်။  

ဇီလန်စကီးက ပါလီမန် အမတ်တွေကိုတောင် နိုင်ငံခြားသွားလာခွင့်နဲ့ မီဒီယာဝင်ရောက်ခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတယ်လို့ လက်ရှိ ပါလီမန်အမတ်အဖြစ် ထမ်းဆောင်နေတဲ့ ပေါရိုရှန်ကိုက ပြောပါတယ်။  ယူကရိန်းမှာ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းလိုက်ပြီဆိုပါက ကျင်းပရတော့မယ့် ရွေးကောက်ပွဲမှာ သူ့ကိုယှဉ်ပြိုင်နိုင်တဲ့ အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းနေတာကြောင့် ဇီလန်စကီးကို အာဏာရှင် နဲ့ တူတယ်လို့ စွပ်စွဲကြောင်း ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)