၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ




တောင်ကြီး ဇူလိုင် ၁


၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။


ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံအေးရိုးဗစ်ပြိုင်ပွဲ(၂၂)သင်းတို့မှ စုပေါင်းသရုပ်ပြကပြကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း(၆)သင်း ယှဥ်ပြိုင်နေမှုကို ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်​၏ဇနီး ဒေါ်ညိုမီစောနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာမများ၊ ကျောင်းသူများ၊ အေရိုးဗစ်ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဆုချီးမြှင့်ပွဲကျင်းပရာ ဂုဏ်ပြုဆုရရှိသည့် ကျောင်းများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်ကျောင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့ကလည်းကောင်း၊ တတိယဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နားဘောင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း - ပန်သခွားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာကျောင်းပေါင်းစုံတို့မှ ပြိုင်ပွဲဝင်အေးရိုးဗစ်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့​၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် ကြက်ဥများရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)