စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၉

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံး သူရေးရာဦးစီးဌာန ရုံးအမှတ်- ၅၂ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် (၁၁) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများကို အသုံးချ ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူ များအနေဖြင့် အသုံးပြုလာနိုင်မည်ဖြစ်ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပိုမိုစနစ်ကျ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် ဦးစီးဌာနနှင့် ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ပေးရန် တိုက်တွန်းပြောကြားသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ သင်တန်းသား ၂၀ တက်ရောက်ပြီး သင်တန်းကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)