ဆေးခြောက်ခင်းကို ဝင်ရှင်းရာက ဆန္ဒပြသမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးခြောက်ခင်းကို ဝင်ရှင်းရာက ဆန္ဒပြသမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့


ဇူလိုင် - ၁၁ ( သောကြာနေ့ ) 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ပြန့်ကျဲနေသော ဆေးခြောက်ခြံကို ဝင်ပြီး လူဝင်မှုကြီးကြပ်ရေးက စီးနင်းရာတွင် အမေရိကန် ဖက်ဒရယ်အေးဂျင့်များနှင့် ဆန္ဒပြသူများ မနေ့ကထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး (ICE) အရာရှိများသည် စစ်ယာဉ်တန်းဖြင့် ဗန်ကျူလာကောင်တီ ကာမာရေလို တောင်ဘက်ရှိ မှန်လုံပိတ် ခြံတွေ ဆီကို ရောက်ရှိလာကြပါတယ်။ မက္ကဆီကိုအလံတွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ လမ်းကိုပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြလို့ အေးဂျင့်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လုစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ဆန္ဒပြသူ အများအပြားက ICE ကားများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဆန္ဒပြသမားတစ်ယောက်က အရာရှိများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။ စီးနင်းမှုတွင် အနည်းဆုံး လူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းဌာနက ဆိုပါတယ်။  အမိမြေလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဆိုအရ အေးဂျင့်များက အဲ့ဒိခြံတွေကို ဝရမ်းထုတ်ထားကြောင်း နဲ့ ဘယ်လိုပဲ တားဆီးပါစေ ရဲတွေအနေနဲ့ ဥပဒေအတိုင်း  ဆက်လက် အရေးယူသွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။  

အဲ့ဒိမှန်လုံပိတ်ခြံတွေက ကမ္ဘာပေါ်တွင် အကြီးမားဆုံးတရားဝင်ဆေးခြောက်စိုက်ပျိုးတဲ့ နေရာဖြစ်ပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီဘက်ကတော့ "ကျနော်တို့အနေနဲ့ အေးဂျင့်တွေ ရှာဖွေရေးဝရမ်းများနဲ့ လာရှာတာကို အပြည့်အဝလိုက်နာပါတယ်" လို့ ကုမ္ပဏီ ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။ 

အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ ရော့ဒ်နီ စကော့ ကတော့ အဆိုပါ ဆေးခြောက်ခြံတွေမှာ ကလေး ၁၀ ဦးကို တွေ့ရှိခဲ့ပြီး အားလုံးကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ကာ ရှစ်ဦးမှာ အဖော်မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ "ကလေးအလုပ်သမားချိုးဖောက်မှုတွေအတွက် အခုလို စုံစမ်းစစ်ဆေးနေတာပါ"လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးတင်ထားပါတယ်။  

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ် ရုံးက အခုလုပ်တဲ့ စီးနင်းမှုက “လူမဆန်စွာ” ဝင်ရောက် စီးနင်းတယ်လို့ ရှုတ်ချခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းအကြံပေး စတီဖင် မီလာ ရဲ့ အကြံဆိုပြီးတော့ ဖော်ထုတ်ခဲ့ပါတယ်။ "ကျွန်ုပ်တို့၏စီးပွားရေး၊ ဘဝပုံစံကိုမောင်းနှင်တဲ့ စီးပွားရေးလုပ်ငန်းများ နဲ့ အလုပ်သမားများကို ကူညီမည့်အစား စတီဖင်မီလာက ကျွန်ုပ်တို့ရဲ့ အသိုင်းအဝိုင်းအတွင်း မငြိမ်မသက်မှု၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုကိုဖြစ်စေပါတယ်" လို့ အုပ်ချုပ်ရေးမှူးရုံး ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဒီမိုကရက်တစ်ပါတီ ထိပ်တန်း အမတ်တွေက ထရမ့်အစိုးဟာ အမေရိကန်သမိုင်းမှာ မဖြစ်ဖူးတဲ့ ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းတွေကို လုပ်နေတယ်ဆိုပြီး တံဆိပ်ကပ်ထားပါတယ်။  


REF: RT   

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)