ရှီကျင့်ဖျင်နဲ့ ထရမ့် အပြန်အလှန် အလည်အပတ်ခရီး လုပ်ဖို့ အစီအစဉ်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှီကျင့်ဖျင်နဲ့ ထရမ့် အပြန်အလှန် အလည်အပတ်ခရီး လုပ်ဖို့ အစီအစဉ်ရှိ


ဇူလိုင် - ၃၁ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ပြည်ကို အလည်အပတ်ခရီး ထွက်ဖို့နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုလည်း အမေရိကန်ကို အလည်ဖိတ်ဖို့အတွက် အစီအစဉ်တွေ လုပ်နေတယ်ဆိုပြီး အရိပ်အမြွတ်ပြောလာပါတယ်။ 

မကြာသေးမီက သတင်းဌာနတစ်ခုနဲ့ လုပ်တဲ့ အင်တာဗျူးမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုတဲ့ ဆန္ဒရှိကြောင်းနဲ့ ရှီကျင့်ဖျင်ကို ၂နိုင်ငံကြားဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကို ဆွေးနွေဖို့ အမေရိကန်ကို ဖိတ်ကြားလိုကြောင်း ပြောထားတာရှိပါတယ်။ 

"ဘာတွေဖြစ်မလဲဆိုတာကို ကျနော်တို့ မြင်တွေ့ရမှာပါ၊ ဒါပေမယ့် ဒီနှစ်မကုန်ခင်မှာ ဖြစ်နိုင်ချေရှိတဲ့ မဝေးလွန်းတဲ့ အနာဂတ်မှာ တရုတ်နိုင်ငံကို သွားဖို့ ဖြစ်နိုင်ပါတယ်၊ ပြီးတော့ သူ ဒီကို လာမှာပါ" လို့ ထရမ့်က ဆိုပါတယ်။ 

ဒါပေမဲ့ တနင်္လာနေ့က သူ့ရဲ့ထရုသ်ဆိုရှယ်မီဒီယာမှာ “ကျနော်က တရုတ်ကို သွားချင်တဲ့ ဆန္ဒရှိပေမဲ့ သမ္မတရှီ ဖိတ်ကြားမှ သွားမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ စိတ်မဝင်စားတော့ပါဘူး” လို့ ရေးတင်ခဲ့ပါတယ်။ 

ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများအတွင်း အမေရိကန် သမ္မတ၏ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာနိုင်ဖွယ်ရှိသည့် ကောလာဟလများကြားတွင် နောက်ဆုံးထွက် မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ စက်တင်ဘာ ၃ ရက်တွင် ဘေဂျင်းမြို့၌ နိုင်ငံရပ်ခြားခေါင်းဆောင် အများအပြား တက်ရောက်ကြမည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကြီးကို ကျင်းပမှာဖြစ်ပါတယ်။ 

အဲ့ဒိ အထိမ်းအမှတ်ပွဲတွင် ရှီ၊ ထရမ့် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား သုံးနိုင်ငံတွေ့ဆုံမှု ပါဝင်နိုင်တယ်လို့ ထင်ကြေးများ တိုးနေပါတယ်။ ယင်းသို့တွေ့ဆုံရန် စီစဉ်ထားကြောင်း နှစ်ဖက်စလုံးမှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုထားခြင်း မရှိပါဘူး။ ရုရှားဘက်ကတော့ အဲ့ဒါကိုလက်ခံထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)