ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေ


နေပြည်တော်၊ ဇူလိုင် ၂၉    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပသည့် Gender/ CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၁၉ဦး ၊ သင်တန်းသူ ၁၆ ဦး တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် ကမ္ဘာတစ်ဝန်းလုံးက ဆောင်ရွက်နေသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီး အခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို သိရှိပြီး ကျား၊မရေးရာကိစ္စရပ်များကို ကဏ္ဍစုံတွင် ဆောင်ရွက်စေရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့် ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ် သည့်အတွက် သင်တန်းတွင် တက်တက် ကြွကြွ ပါဝင်ဆွေးနွေးသွားကြစေလိုကြောင်း၊ ယခု သင်တန်းက ရရှိသည့် ဗဟုသုတ၊ အသိပညာများကို သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များတွင် ထည့်သွင်းပြီး ဌာနအသီးသီး ပါဝင်ဆောင်ရွက်အကောင်အထည်ဖော်နေသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အောင်မြင်ရေး အလေးထားကူညီ ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

အဆိုပါ သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)