Pages

▼

Pages

▼

မြဝတီမြို့တွင် ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေ





ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ၃၀.၇.၂၀၂၅ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့် မိုးသည်းထန်စွာ ရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၃၊ ၄၊ ၅)ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် မြဝတီမြို့အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၉)စု၊ ကျား(၆၀)ဦး၊ မ(၅၄)ဦး၊ စုစုပေါင်း(၁၁၄)ဦး၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၂)စု၊ ကျား(၉၇)ဦး၊ မ(၉၃)ဦး၊ စုစုပေါင်း(၁၉၀)ဦး၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၉၀)စု၊ ကျား(၃၉၀)ဦး၊ မ(၄၅၀)ဦး၊ စုစုပေါင်း(၈၄၀)ဦးတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment