Pages

Pages

အရက်တွေ နင်းကန်မသောက်နဲ့ ၊ အဝမလွန်ရင် အသည်းကင်ဆာကို ကာကွယ်လို့ရပါတယ်




ဇူလိုင် - ၃၀ ( ဗုဒ္ဓဟူးနေ့ ) 

အသည်းကင်ဆာဖြစ်ပြီဟေ့ ဆိုတာနဲ့ လူ ၃ ယောက်မှာ ၂ ယောက်က သက်တမ်းမစေ့ဘဲ သေပေးလိုက်ရပါတယ်။ ဒါပေမဲ့ အသည်းကင်ဆာက ကာကွယ်လို့ ရတယ်ဆိုတာကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက ဆိုလာပါပြီ။

အဓိက ပြဿနာက အသည်းကို ဗိုင်းရက်စ်ကူးစက်ခံလိုက်ရတာရယ်၊ အရက်ကို အလွန်အကျွံနဲ့ အချိန်မဟုတ် အခါမဟုတ် သောက်တာရယ်၊ အဝလွန်ပြီး အသည်းထဲမှာ အဆီတွေ စုနေတာရယ်ကြောင့် ဖြစ်တာလို့ ပြောလာကြပါပြီ။ 

ဟောင်ကောင်က အသည်းပညာရှင်တစ်ယောက်ကတော့ အဓိအချက်တွေကို ရှောင်နိုင်တယ် ဆိုရင် အသည်းကင်ဆာဖြစ်တာကို ကာကွယ်လို့ရပြီး သက်တမ်းစေ့နေနိုင်မှာပါ လို့ ပြောပါတယ်။ သူ့အဆိုအရ အသည်းကင်ဆာဆိုတာ ကမ္ဘာမှာ ၆ ခုမြောက် အဖြစ်များဆုံး ကင်ဆာဖြစ်ပြီး တတိယမြောက် အသေအများဆုံး ရောဂါလို့ သိရပါတယ်။ တစ်ကမ္ဘာလုံးရဲ့ အသည်း ကင်ဆာသမား ၄၀ % လောက်က တရုတ်နိုင်ငံမှာ ရှိနေပြီး ဘီပိုး ကူးစက်ခံရတဲ့သူတွေဖြစ်ပါတယ်။ 

တွက်ချက်မှုအရ ၂၀၅၀ ရောက်ရင် ကမ္ဘာမှာ တစ်နှစ်ကို အသည်းကင်ဆာသမား ၁.၅ သန်းလောက်ဖြစ်လိမ့်မယ်လို့ သူ့ရဲ့ အစီရင်ခံစာမှာ ပါပါတယ်။ အသည်းကင်ဆာ ဖြစ်ပြီး ၅ နှစ်အထက် အသက်ရှင်ကျန်တဲ့သူက ၅ % လောက်ပဲ ရှိပါတယ်။ အပေါ်မှာပြောတဲ့ ရောဂါဖြစ်စေတတ်တဲ့ အကြောင်းတွေကို ဆင်ခြင်နိုင်မယ်ဆိုရင်တော့ အသည်းကင်ဆာက ဖြစ်နိုင်ချေ နည်းသွားမှာပါ။ အကောင်းဆုံးနည်းကတော့ အဝလွန်တာကို ထိန်းချုပ်နိုင်ဖို့ပါပဲ။ ဘီပိုး ၊ စီပိုး ကူးစက်မခံရဖို့ကိုလည်း ဂရုစိုက်ရမှာပါ။ ဖြစ်ခဲ့ရင်လည်း အမြန်ဆုံး ကုသဖို့ လုပ်ရပါမယ်။ အဲ့ဒိပိုးတွေက အသည်းကင်ဆာဖြစ်ဖို့အတွက် လှုံ့ဆော်ပေးတဲ့ပိုးတွေပဲ ဖြစ်ပါတယ်။ 

အာဟာရပညာရှင်တွေနဲ့ တိုင်ပင်၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နိုင်ရင် ကမ္ဘာ့လူဦးရေ ၁၇ သန်းကျော်ကို အသည်းကင်ဆာဘေးကနေ ကာကွယ်ပေးနိုင်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment