စင်ကာပူ တာတိုဖလား ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု၊ ‌ငွေတစ်ခု၊‌ ကြေးသုံးခုရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စင်ကာပူ တာတိုဖလား ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု၊ ‌ငွေတစ်ခု၊‌ ကြေးသုံးခုရရှိ




ရန်ကုန်   ၊ ဇူလိုင် ၁၄


စင်ကာပူနိုင်ငံ၌ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး/ ကယက် လှေလှော်ပြိုင်ပွဲ(2025 Singapore Sprint Cup)တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး/ကယက် လှေလှော်အားကစားအဖွဲ့‌သည်‌ ရွှေသုံးခု၊ ‌ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက် လှော်မီတာ ၁၀၀၀ ပြိုင်ပွဲ၌ ‌မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေ)၊ စင်ကာပူမှ Luke Enrique Diez Thangက ဒုတိယ(ငွေ) နှင့် မြန်မာမှ ခင်ဇော်လွင်က တတိယ(ကြေး)ဖြင့်လည်းကောင်း၊ Open မီတာ ၁၀၀၀ ကနူး တစ်ယောက် လှော်ပြိုင်ပွဲတွင် မြန်မာမှသန့်ဇင်ဦးက ပထမ(ရွှေ)၊ စင်ကာပူမှ Lucas Huan Zhi Kai က ဒုတိယ(ငွေ)နှင့် မြန်မာမှ ထွဋ်ခေါင်ဇော်က တတိယ(ကြေး)၊ U15 + U18 ကနူး တစ်ယောက်‌လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာမှ ထွဠ်ခေါင်ဇော်က ပထမ(ရွှေ)၊ စင်ကာပူမှ ဒုတိယ(ငွေ)နှင့် တတိယ(ကြေး)၊ U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် စင်ကာပူမှ ပထမ၊ ‌မြန်မာမှ‌ ဇေယျာထွန်းက ဒုတိယ(ငွေ)နှင့် မြန်မာမှ ခင်ဇော်လွင်က တတိယ(ကြေး)တို့ ဆွတ်ခူးရရှိထားကြသည်။


မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး/ကယက် လှေလှော်အားကစားအဖွဲ့‌သည်‌ ဇူလိုင် ၁၃ ရက်တွင် မီတာ၂၀၀၊ မီတာ၃၀၀တို့ ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


ယင်းပြိုင်ပွဲ၌ အိမ်ရှင်စင်ကာပူ၊ မြန်မာ၊ တရုတ်(တိုင်ပေ) မလေးရှား၊ ဩစ‌တြေးလျ၊ ဟန်‌ဂေရီနိုင်ငံတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


အောင်မြင့်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)