ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ




ဟင်္သာတ  ၊ ဇူလိုင် ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြည်သူ့အားကစားကွင်း၌ ဇူလှိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီက ၂၀၂၅ ခုနှစ်၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသများက စစ်ကြောင်းမှူးဦးဆောင်၍ အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းအား အလေးပြုခြင်းနှင့် ခရိုင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘင်ခရာအဖွဲ့၊ ဒိုင်အဖွဲ့ဝင်များနှင့် မြို့နယ်အားကစားမှူးများအား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်သက်သက်ဦး၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ စုစုပေါင်းအင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အဖွင့်ပွဲစဉ်အဖြစ် ဟင်္သာတမြို့နယ်အသင်းနှင့် ဇလွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး  ဘောလုံးပြိုင်ပွဲအား ၁၀.၇.၂၀၂၅ ရက်နေ့မှ ၁၃.၇.၂၀၂၅ ရက်နေ့အထိ ဟင်္သာတမြို့နယ် ကိုယ်စားပြုအသင်း၊ ဇလွန်မြို့နယ်ကိုယ်စားပြုအသင်းနှင့် လေးမျက်နှာမြို့နယ် ကိုယ်စားပြုအသင်းတို့မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)