နောင်ချိုမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန် ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် ကျောင်းအဆောက် အအုံနှင့် ပရိဘောဂပစ္စည်းများ ပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက် ပေးပြီး ဒေသခံတိုင်းရင်းသားမိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးလျက်ရှိရာ ယနေ့တွင်လည်း နောင်ချိုမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(လောက်ဖန်း)တို့၌ ကျောင်းအပ်စတင်လက်ခံ ခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် စတင် ကျောင်း အပ်လက်ခံခဲ့ရာ ယနေ့ အဆိုပါကျောင်းများ၌ လာရောက်ကျောင်းအပ်နှံသူ ကျောင်းသား/ကျောင်းသူ ၁၀၅ ဦး ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်း သူများထံသို့ တစ်ပါတည်း ပေးအပ်ကြသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာနှင့် သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရေးအတွက် နောင်ချိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အခြားလိုအပ်သည်များ ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၇၂ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)