ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇူလိုင် ၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများဖြစ်သည့် ရွှေစေတီဘာသန္တရ သင်တန်းကျောင်း၊ ရွှေမုဋ္ဌောစေတီနှင့် လေးကျွန်းမြေအုဋ်ကျောင်း ပရိယတ္တိစာသင်တိုက်တို့ရှိ သာသနိကအဆောက်အအုံအပျက်အစီးများကို စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှု၊ မဟိယင်္ဂဏစေတီတော်အား ပြန်လည် ပြုပြင် မွမ်းမံတည်ဆောက်နေမှုနှင့် စစ်ကိုင်းမြို့အတွင်း နေအိမ်အဆောက်အအုံ အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက်နှင့် မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီး များ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှု၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ Sky Villa နေရာရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် A ” ဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားနေမှု၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ လွှဲပြောင်းရေးအဖွဲ့ ယာယီရုံးတွင် Sky Villa မှ ရှာဖွေတွေ့ရှိသော ပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေ စုဆောင်းရေးနှင့် ပြန်လည် အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)