ဇူလိုင် - ၂၈ (တနင်္လာနေ့ )
ယီမင်ရှိ ဟူသီသူပုန်များက အစ္စရေးဆိပ်ကမ်းများနှင့် ချိတ်ဆက်ထားသော သင်္ဘောများအားလုံးကို ၎င်းတို့ရဲ့ မူရင်းနိုင်ငံကို မခွဲခြားဘဲ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဂါဇာရှိ ပါလက်စတိုင်းများ နဲ့ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတဲ့ သင်္ဘောနဲ့ ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်း ဘတ်အယ်မန်ဒပ် ရေလက်ကြားမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောများကို ဟူသီသူပုန်တွေက ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။ ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အာမန်ဟေယန်က အဲ့ဒိခြိမ်းခြောက်မှုကို “အဆင့်အသစ်” အဖြစ် ရုပ်သံအပိုင်းတစ်ခုအဖြစ်နဲ့ ပြောသွားတာပါ။
“အခုကျနော်တို့ ချထားတဲ့ အဆင့်အသစ်မှာ ရန်သူအစ္စရေးရဲ့ ဆိပ်ကမ်းတွေနဲ့ ဆိုက်ကပ်တဲ့ ဘယ်ကုမ္ပဏီမဆိုရဲ့ သင်္ဘောကိုမဆို အဲဒီကုမ္ပဏီတည်ရှိတဲ့ ဘယ်နိုင်ငံကိုမှ မခွဲခြားဘဲ၊ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လက်လှမ်းမီတဲ့ တည်နေရာကိုရောက်လာရင် ပစ်ခတ်တိုက်ခိုက်မှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
နောက်ပြီး သူ့ရဲ့ခြိမ်းခြောက်မှု ဗီဒီယိုဖိုင်ထဲမှာ ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးရဲ့ ပိတ်ဆို့ထားမှု ရုတ်သိမ်းရန် တိုက်တွန်းခဲ့ပါတယ်။ ရိုက်တာသတင်းဌာနအဆိုအရ ဟူသီသူပုန်တွေက ၂၀၂၃ နိုဝင်ဘာလက စပြီး ပင်လယ်နီထဲမှာ သင်္ဘောအစီးရေ ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောလေးစင်းနစ်မြုပ်စေကာ တစ်စီးကို ဖမ်းဆီးခဲ့ပြီး သင်္ဘောသား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းဖော်ပြထားပါတယ်။
ယခုလအစောပိုင်းကလည်း ဟူသီသူပုန်တွေက လိုင်ဘေးရီးယားနိုင်ငံ အလံတင်ထားသော ဂရိပိုင် ကုန်တင်သင်္ဘောကြီးများဖြစ်တဲ့ Eternity C နှင့် Magic Seas တို့ကို သိမ်းယူနှစ်မြုပ်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment