မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး








ပေါင်၊ ဇူလိုင် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ဦးတည်ချက်များအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်၁၅ရက်နေ့ နံနက်ပိုင်းက  ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်း ဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ရှေးဦးစွာ ရှင်းလင်း‌ဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိ ဒေါ်ခင်ချိုလတ်က ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား power pointဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျုံကဥယျာဉ်ခြံစတင်တည်ထောင်ခဲ့သည်မှာနှစ်ပေါင်း(၅၀)ကျော်လွန်ခဲ့ပြီးစတင်ချိန်ကအုန်းမျိုးပွားခြံ ဖြစ် စတင်ခဲ့ပြီး ယခုအခါ ဒေသတွင်းဖြစ်ထွန်းသည့် မင်းဂွတ်၊ ကြက်မောက် ဒူးရင်း သီးနှံများ အစားထိုးစိုက်ပျိုးပြီး မင်းဂွတ်သီးနှံ အဓိက စိုက်ပျိုးသည့်ခြံဖြစ်ကြောင်း၊ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊  တိုးတက်ပြောင်းလဲလာသောစိုက်ပျိုးနည်းစနစ်များအားတောင်သူသိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချသုတေသန  (Apply Research) များ နှင့် ပေါင်းစပ်၍ သုတေသနရလဒ်များအားတောင်သူလက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥယျာဉ်ခြံအတွင်း နှစ်(၅၀)သက်တမ်းရှိ မင်းဂွတ်ပင်ကြီးများ အောင်မြင်ဖြစ်ထွန်းနေမှု၊ နှစ်ရှည်ပင်ကြီးများကိုင်းဆက်ပင် ဖူးဆက်ပင်များလက်တွေ့သရုပ်ပြဆောင်ရွက်နေမှု၊ မျိုးပွားကော်ဖီပျိုးပင်၊ ကြက်မောက်ပျိုးပင်နှင့် ဒူးရင်းပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ကျုံကခြံထွက်ပျိုးပင်များ အရောင်းအဝယ်ဖြစ်ထွန်းမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ ရဲဗြားကုန်းကျေးရွာ ဦးတင်မြင့်၏ အသားတိုးဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ဝက်မွေးမြူ ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို သဘာဝဓာတ်မြေဩဇာများအဖြစ် ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်မြေဩဇာများပြားစွာရရှိစေရေး စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများအဖြစ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင် မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ်သွားကြရန် မှာကြားကာ ဝက်မွေးမြူရေးအဆောင်အတွင်းရှိ အသားတိုး ဝက်အကောင်ရေ (၁၃၃)ကောင် အောင်မြင်စွာ ‌မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)