EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၈

EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၅ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက EV နည်းပညာကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့ရအောင် နည်းပညာအသစ်အဆန်းများကို အစဉ်လေ့လာကြိုးပမ်းဆောင်ရွက်သွားရန်၊ သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများအား စဉ်ဆက်မပြတ်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်း၊ ပြည်သူများ၏ လက်ဝယ်အရောက် EV အသိပညာဖြန့်ဝေမှုများကို ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်သွားရေး ဌာနဆိုင်ရာများနှင့် EV ပြင်ပအဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ ဗို့အား မြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာလက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် ဇူလိုင် ၇ ရက်မှ ၂၅ ရက်အထိ သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီ နှုန်းဖြင့်ပို့ချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနများမှ သင်တန်းသားခြောက်ဦး တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)