ရန်ကုန်၊ ဇူလိုင် ၄
လှိုင်သာယာ(န)ပိုင်းမြို့နယ် အမှတ်(၁၉)ရပ်ကွက် ကျန်စစ်သားလမ်း နှင့် ပေါင်းကူးလမ်းထောင့်တွင်တည်ဆောက်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် Myanmar Art Construction And Development Co.Ltd တို့ပူးပေါင်းဆောင်ရွက်သည့် Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ယာစီမံကိန်းဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်တွင်းတော်ဝန်းမဂ်လာအခမ်းအနားကို ( ၄. ၇. ၂၀၂၅ ) ရက်နေ့ ( ၀၈း၃၀ ) အချိန် ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဦးစီးသော ဆရာတော်( ၅ ) ပါးကြွရောက် ချီးမြင့်တော်မူသည်။
အခမ်းအနားသို့ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုး၊ ဒုမြို့တော်ဝန် ဦးညီညီပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ ခရိုင်စီမံအဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီး မြတ်စိုးပါ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စွာဟိန်းပါ ဝန်ထမ်းများ စသည့် ဥပသကာများတက်ရောက်ကြပြီး အခမ်းအနားအား အပိုင်း(၂)ပိုင်းခွဲ၍ကျင်းပခဲ့သည်။
ပထမပိုင်းအနေဖြင့် ဒါနသီလဘာဝနာ ဆည်းပူးခြင်းအခမ်းအနားပြုလုပ်ရာ ကြွရောက်လာကြသော ဧည့်ပရိတ်များက သန်လျင်မင်းကျောင်းဆရာတော်ထံမှ (၅) ပါးသီလခံယူဆောက်တည်ကြပြီး ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာဟိန်းမှ ပရိတ်ရေများအားဆရာတော်ထံအပ်နှံပူဇော်ခံကာ ဆရာတော်များချီးမြှင့်သော ပရိတ်တရားတော်များနာယူကြပြီး ဥပသကာများမှ ဆရာတော်များအား လှုဖွယ်ပစ္စည်းများဆက်ကပ်လှုဒါန်းကြသည်။
သန်လျင်မင်းကျောင်းဆရာတော် ( သံဃနာယက ဥက္ကဋ္ဌ ) ထံမှ လှူဒါန်းမှု့အစုစုအတွက် ရေစက်သွန်းချအနုမောဒနာတရားချီးမြှင့်နာယူကြပြီး ဆရာတော်များမှ ထွက်ခွာကာ အခမ်းအနားအစီအစဉ် ( ၂ ) အရ ကြွရောက်လာကြသော ဥပသကာများ မှ အရပ်ရှစ်မျက်နှာ နှင့် အလယ်ဗဟိုတည့်တည့် ၌ ပန္နက်တော်ရိုက်နှက်မဂ်လာပြုကြပြီး ဆက်လက်၍ မြို့တော်ဝန်နှင့် ကုမ္ပဏီမန်းနေဂျင်းဒါရိုက်တာ ဇနီးမောင်နှံတို့မှ နဂါးစာကျွေးကာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးသည့်အနေဖြင့် မြို့တော်ဝန်မှ ရွှေမိုးငွေမိုးကျဲကာ ပန္နက်တော်တင်တွင်းတော်ဝန်းမဂ်လာအအခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment