KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက် အပြုံလိုက် ယုတ်မာရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက် အပြုံလိုက် ယုတ်မာရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်









နေပြည်တော်၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက် ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ များအား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေး ငယ်များနှင့် သက်ကြီး ဘိုးဘွားများအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားမှုအား သိလျင်သိချင်း လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအား ယခုကဲ့သို့ ဆင်ခြင်တုံ တရားမဲ့စွာဖြင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်း ရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်း ဖြစ်ပြီး အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ ဥပဒေမဲ့လုပ်ဆောင် ခဲ့မှုအပေါ် ဒေသခံပြည်သူများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးဖော်ထုတ်အရေးယူ နိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)