ယူကရိန်းထံ “Patriot” လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးမည်ဖြစ်သော်လည်း ကုန်ကျစရိတ်ကို “နေတိုး (NATO)” က ပေးချေရမည်ဟု ထရမ့်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းထံ “Patriot” လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးမည်ဖြစ်သော်လည်း ကုန်ကျစရိတ်ကို “နေတိုး (NATO)” က ပေးချေရမည်ဟု ထရမ့်ဆို



လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၄ 

အမေရိကန်က နေတိုး (NATO) မှတစ်ဆင့် ယူကရိန်းထံ “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ပံ့ပိုးပေးမည်ဖြစ်ပြီး ယင်းစက်ကိရိယာများ၏ ကုန်ကျစရိတ်ကို နေတိုးက အမေရိကန်အား ပေးချေမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု အမေရိကန် မီဒီယာများ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

“ဒါက သူတို့ (ယူကရိန်း) အရေးတကြီးလိုအပ်တဲ့ဟာ” ဟူ၍ ထရမ့်သည် အဆိုပါနေ့က မြို့တော်ဝါရှင်တန်အနီးရှိ မယ်ရီလန်းပြည်နယ် Andrews ပူးတွဲအခြေစိုက်စခန်းတွင် မီဒီယာများထံ ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းထံ “အလွန်အဆင့်မြင့်တဲ့ စစ်ရေးစက်ကိရိယာအမျိုးမျိုး” ပံ့ပိုးပေးမှာဖြစ်ပြီး “ဒါက ကျွန်တော်တို့အတွက်ကတော့ စီးပွားရေးလုပ်တာပါပဲ” ဟူ၍ ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထရမ့်က ၎င်းသည် ဝါရှင်တန်၌ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တေးနှင့် တွေ့ဆုံပြီး ယူကရိန်းအရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းထံ ပံ့ပိုးပေးမည့် “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် အရေအတွက်အတိအကျကို ၎င်းက ထုတ်ပြန်ပြောခြင်းမရှိခဲ့သလို မည်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများက ဤစက်ကိရိယာ ကုန်ကျစရိတ်များကို ပေးချေမည်ကိုလည်း ထုတ်ဖော်ပြောခြင်းမရှိခဲ့ပေ။

ယူကရိန်းသည် အမေရိကန် စသည့် အနောက်နိုင်ငံ မဟာမိတ်များက ပိုမိုများပြားသော “Patriot” လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ပံ့ပိုးပေးရန် အစဉ်တစ်စိုက် မျှော်လင့်လျက်ရှိသည်။ ထရမ့်က ယခုလ ၉ ရက်တွင် ဝါရှင်တန်၌ ၎င်းအစိုးရသည် ယူကရိန်း၏ “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် တစ်စုံ ထပ်မံလိုချင်သည့် တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားပေးမည်ဟု မီဒီယာများထံ ပြောကြားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက “Patriot” စနစ်တစ်စုံလုံးသည် “အလွန့်အလွန် ဈေးကြီး” ကြောင်း အလေးထား ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)