မိတ္ထီလာမြို့နယ်အတွင်းရှိ ဇီးတော-ဒဟတ်သွား ကားလမ်းပေါ်၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ပေါက်ကွဲ၊ PDF အကြမ်းဖက်သမား ၅ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်အတွင်းရှိ ဇီးတော-ဒဟတ်သွား ကားလမ်းပေါ်၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ပေါက်ကွဲ၊ PDF အကြမ်းဖက်သမား ၅ဦး သေဆုံး


နေပြည်တော်၊ ဇူလိုင် ၃၀

PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအတွင်း ဒေသခံပြည်သူများအသွင်ဖြင့် စိမ့်ဝင်ဝင်ရောက် လာကာ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပြည်သူလူထု၏ တိုက်တာအိုးအိမ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လွယ်ကူစွာ ဝင်ထွက်သွားလာခြင်းများ မလုပ်ဆောင်နိုင်ရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ်၊ ဇီးတော-ဒဟတ်သွား ကျေးရွာချင်းဆက်မြေသား လမ်းပေါ်၌ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ဆားတောင်ဘက်မှ ဇီးတောဘက်သို့ မောင်းနှင်လာသော Hiace ခဲရောင် (လိုင်စင်စိစစ်ဆဲ) မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် အစစ်ဆေးခံရန် ရပ်တန့်စေခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားစဉ် တိမ်းမှောက်မှုဖြစ် ပေါ်ခဲ့ရာမှ ယာဉ်ပေါ်တွင်ပါလာသော ပေါက်ကွဲစေတတ်သောပစ္စည်းများဟု ယူဆရသည့် ပစ္စည်းများကြောင့် မော်တော်ယာဉ်မှာ ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပေါက်ကွဲ၍ မီးလောင်သွားသော မော်တော်ယာဉ် အနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးရာ မော်တော်ယာဉ်အတွင်းမှ အမ်ဂျီ-၁ ပလပ်စတစ်လက်ပစ်ဗုံး ရိုက်မောင်းတံအစုအဝေး ၁ ခု၊ PDF လက်မောင်း တံဆိပ်၊ အနီရောင်မီးကြိုးခွေ ၁ ခွေနှင့် သေဆုံးနေသည့် PDF အမည်ခံအကြမ်း ဖက်သမား အလောင်း ၅ လောင်း တို့အား သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို နေ့မအား ညမနားဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုရန်မှ ကင်းဝေးစေရန်နှင့် ပြည်သူများ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)များကို ပြည်သူလူထုနှင့်အတူပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)