ဒွန်ဘားစ် ဒေသဘက်မှာ ယူကရိန်းစစ်တပ်တွေ အခြေအနေမကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒွန်ဘားစ် ဒေသဘက်မှာ ယူကရိန်းစစ်တပ်တွေ အခြေအနေမကောင်း


ဩဂုတ်- ၁၂ ( အင်္ဂါနေ့ ) 

ယူကရိန်းအရှေ့ဘက်၊ ရုရှားသိမ်းထားတဲ့ နယ်မြေတွေဖြစ်တဲ့ ဒွန်ဘားစ်ဒေသရဲ့အနောက်တောင်ပိုင်း ရှေ့တန်းနယ်မြေတစ်လျှောက်က ယူကရိန်းစစ်တပ်တွေက တဖြည်းဖြည်းချင်း အခြေအနေ ဆိုးလာနေတယ်လို့ ယူကရိန်း စစ်ဦးစီးမှူး ဒုဗိုလ်မှုးကြီး ဘော်ဒန်ခရိုတီဗစ်ချ်က ပြောသွားပါတယ်။ 

ရုရှားနိုင်ငံ၏ အနောက်တောင်ပိုင်းရှိ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်တဲ့ ပေါရိုဗက်စ်မြို့ ရဲ့အရှေ့မြောက်ဘက် ၄၅ ကီလိုမီတာအကွာရှိ အဓိက အမာခံနယ်မြေတွေမှာ ထိုးစစ်ဆက်မဆင်နိုင်တော့ဘဲ နောက်ဆုတ်ရမဲ့အခြေအနေတွေ ဖြစ်နေတယ် လို့ ဆိုပါတယ်။ 

သူက ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးထံသို့ တနင်္လာနေ့နှောင်းပိုင်းက အိတ်စ်ဆိုရှယ်မီဒီယာကနေ ပေးပို့ခဲ့တဲ့ သတင်းစကားမှာ "ခင်ဗျားဘာတွေပြောနေတယ်ဆိုတာကို ကျနော်တကယ်မသိပါဘူးလို့ ရိုးရိုးသားသားပြောပါမယ်၊ ဒါပေမယ့် ခင်းဗျားကိုကျနော်ပြောနိုင်တာကတော့ အဲ့ဒိဒေသတွေမှာ ရှေ့တန်းကို ထပ်မတိုးနိုင်တော့ဘူး၊ လုံးဝကို သောက်ပြဿနာတက်နေတယ်၊ နေတိုင်းနေ့တိုင်း ပိုပိုဆိုးနေတယ်” လို့ ရေးခဲ့ပါတယ်။ 

ပေါရိုဗက်စ်မြို့ကို ရုရှားတပ်များ ဝိုင်းရံထားတဲ့ ဧရိယာအတွင်း အခြေအနေများကို ပြသရန်အတွက် မြေပုံတစ်ခုကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒိမြေပုံကိုကြည့်ပြီး မီဒီယာတွေကလည်း ရုရှားတပ်တွေ ဖောက်ထွင်းဝင်ရောက်လာမှုနဲ့ ပတ်သက်တဲ့ သတင်းရေးသားခဲ့ကြပါတယ်။ 

"အဓိကပြဿနာက အရန်အင်အား လျော့နည်းလာတာပဲဖြစ်ပါတယ်၊ ရှေ့တန်းတလျှောက်ရှိ ယူနစ်တွေက ကျယ်ကျယ်ပြန့်ပြန့် ကွဲထွက်သွားတယ်။ စစ်ဆင်ရေး လမ်းကြောင်းတစ်ခုလုံးတွင် ကျရှုံးနေပေမဲ့ ယူကရိန်းစစ်တပ်က အောင်ပွဲတွေရနေပြီဆိုပြီး ကြွေးကြော်နေတာပဲ ဖြစ်ပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။  

ဒွန်ဘားစ်မှာရှိတဲ့ အကျပ်အတည်းက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက တစစ ကြီးထွားလာနေခဲ့တာပါ။ ယူကရိန်းစစ်တပ်က နေ့စဉ် "ဆယ်၊ ရာနှင့်ချီသော စတုရန်းကီလိုမီတာ" အတိုင်းအတာနဲ့ မြေတွေကို ဆုံးရှုံးနေရတယ် ဆိုပြီး ရေးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)