ဟားခါးမြို့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ








ဟားခါး၊ သြဂုတ် ၃၀

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ ၊ ကျောင်းနေသော်လည်း မူလတန်း ပညာမပြီးမီ ကျောင်းစောထွက်ခဲ့သူ ၊ အသက် (၁၀) နှစ်မှ (၁၄) နှစ် သက်ငယ်အုပ်စုများနှင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင် မသင်ယူနိုင်ခဲ့သော အသက် (၁၃) နှစ်မှ (၁၈) နှစ်ကြား လူငယ်များအတွက် ရည်ရွက်ဖွင့်လှစ်သည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းဖွင့်ပွဲကို သြဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း အီးကေကိမ်းငဲင်းခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းတို့က အမှာစကားပြောကြားကြပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး တာဝန်ခံကျောင်းအုပ် ဦးထွန်းရွှေက ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်လက်ခံရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ခေတ္တလူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ကျောင်းသား ၊ ကျောင်းသူများ သတ်မှတ်အခန်းအလိုက် စာသင်ကြားပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး တာဝန်ခံကျောင်းအုပ် လိုက်လံပြသပြီး တင်ပြလိုသည့်အချက်များ တင်ပြခဲ့ကြောင်းနှင့် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၆၈) ယောက်တက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)