၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုတွင်းမှာလည်း ပွဲစဉ်တိုင်းကို အကောင်းဆုံး ရလာဒ်တွေ ရရှိအောင် ကြိုးစားခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း အိမ်နီးချင်းပြိုင်ဘက် ထိုင်းကို အနိုင်ယူခဲ့ပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို အားပေးနေကြတဲ့ ပြည်သူတွေက အဲဒီနိုင်ပွဲရကတည်းကိုက ကျေနပ်နေပါပြီ။
ဗိုလ်လုပွဲကြီးကို ရောက်ခဲ့လို့ ဖလားကြီး ရယူနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ သို့သော် ဖိုင်နယ်ပွဲစဉ်မှာ သြစတေးလျဘက်က အသာစီးနဲ့ ပွဲချိန်ပြည့်ကစားနေတာကို မြင်တွေ့ရပါတယ်။ ဂိုးပေးနိုင်ရတဲ့ အခြေအနေတွေလည်း အကြိမ်ကြိမ်ပါပဲ။ သို့သော် မြန်မာနောက်တန်းနဲ့ ဂိုးသမားက ဂိုးမပေးရရေးကို အစွမ်းကုန် ကာကွယ်ခဲ့ကြပါတယ်။ ကောင်တာပြန်ဖို့ရာမှာ ခံစစ်ကို အားဖြည့်ထားရတဲ့အတွက်တော့ ထင်သလောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ မြန်မာ ၀ - ၁ သြစတေးလျ ဆိုတဲ့ ရလာဒ်နဲ့ ရှုံးခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
သို့သော် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း က တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း က ဂိုးသွင်းအများဆုံး ကစားသမားဆု၊ ဂိုးသမား မျိုးမြမြငြိမ်း က အကောင်းဆုံးဂိုးသမားဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်။
https://t.me/MyanmarNationalPost





No comments:
Post a Comment