မိုးနဲမြို့နယ်၌ သီးထပ်စိုက်ပျိုးထားသော ‌ပဲပုပ်စိုက်ခင်းများ မကြာမီရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဈေးကောင်းရရှိရန် မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ သီးထပ်စိုက်ပျိုးထားသော ‌ပဲပုပ်စိုက်ခင်းများ မကြာမီရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်




မိုးနဲ ၊ ဩဂုတ် ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံတောင်သူအများအပြားသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိပြီး ယခုမိုးရာသီကာလတွင် သီးထပ်စိုက်ပျိုးထားကြသော ပဲပုပ်စိုက်ခင်းများ ရိတ်သိမ်းချိန်ရောက်ရှိနေပြီဖြစ်သောကြောင့် မကြာမီရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


ပဲပုပ်သီးနှံအား စိုက်ပျိုးရာတွင် ထွန်ယက်စိုက်ပျိုးပြီး မြေဆွ၊ ပေါင်းလိုက်သူတစ်ဦးလျှင် ကျပ် (၁၅၀၀၀)ဖြင့် ငှားရမ်းရကြောင်း၊ သဘာဝမြေဩဇာ နွားချေး၊ ကြက်ချေး၊ မြေပဲခွန်တို့ကို အသုံးပြုရန် ခက်ခဲသည့်အတွက် မြေဩဇာကောင်းမွန်စေရေး ပြန်လည်ပြုပြင်ကာ စိုက်ပျိုးထားကြရကြောင်း၊ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးတို့အပြင် ပုလဲမြေဩဇာကိုပါ ပတ်ဖျန်းပေးထားကြောင်း၊ စီးပွားဖြစ် ပြောင်း၊ ပဲပုပ်ကိုသာ စိုက်ပျိုးကြောင်း၊ မိုးနဲမြို့နယ်တွင် စီးပွားဖြစ် စပါး၊ ကြက်သွန်၊ မြေပဲ၊ ပဲပုပ်၊ ပြောင်း၊ နေကြာ၊ ပန်းနှမ်းတို့ကို အဓိကစိုက်ပျိုးကြကြောင်း ယခုမိုးရာသီကာလတွင် စပါးနှင့်ပြောင်းသီးနှံများ စိုက်ပျိုးကြပြီး ပြောင်းသီးနှံကို မကြာမီရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း၊ ပဲပုပ်သီးနှံကိုလည်း ထပ်မံစိုက်ပျိုးသူများလည်းရှိကြောင်းနှင့် ရိတ်သိမ်းခြွေလှေ့ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ထားကြောင်း  သိရသည်။


ဇင်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)