မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များ နှင့် မွေးစမှ အသက်၂ နစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆက်လက်ဆေးထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များ နှင့် မွေးစမှ အသက်၂ နစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆက်လက်ဆေးထိုးနှံပေးလျက်ရှိ








မြောက်ဥက္ကလာပ၊ ဩဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာ များတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက  မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ  ကိုယ်၀န် ဆောင်များ နှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ) ၊ပိုလီယို၊  ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)  ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ၀က်သက်ဂျိုက်သိုး၊ဂျပန်ဦးနှောက်ရောင်ရောဂါစသည့် ကာကွယ်ဆေးများကိုအသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးခြင်း ၊ ကိုယ်၀န်ဆောင် မိခင်များအား  ကိုယ်အလေးချိန် တိုင်းတာခြင်း ၊ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီးမြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ် ရပ်ကွက်စုရပ်နေရာများတွင်လည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)