မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်း (၃)ခုမှ စိုက်ပျိုးရေများဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်း (၃)ခုမှ စိုက်ပျိုးရေများဖြန့်ဝေပေး

 






မင်းဘူး  ၊ ဩဂုတ် ၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန် (အနောက်)ကျေးရွာအနီး အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်း(၃)ခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်နှင့်မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းဧရိယာအတွင်း အကျိုးပြုဧရိယာ ဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း၊ ထို့အပြင် လျှပ်စစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာ(၃)ခုအတွင်း လျာထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။

မင်းဘူး(စကု)မြိုနယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟူ၍ စီမံကိန်းလုပ်ငန်းပေါင်း (၃)ခုရှိပြီး အဆိုပါစီမံကိန်းလုပ်ငန်းများတွင် အကျိုးပြုဧရိယာပေါင်း ၁၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အဆိုပါသီးနှံစိုက် တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)