လူတစ်ယောက်က တစ်ရက်ကို ပလက်စတစ်အမှုန် ၇ သန်းလောက်ရှုနေရတယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူတစ်ယောက်က တစ်ရက်ကို ပလက်စတစ်အမှုန် ၇ သန်းလောက်ရှုနေရတယ်လို့ ဆို




ဩဂုတ် - ၂ ( စနေနေ့ ) 

တူလောက်တက္ကသိုလ်က သိပ္ပံပညာရှင်များစုပေါင်းပြီးလုပ်တဲ့ သုတေသနတစ်ရပ်အရ ပျမ်းမျှလူတစ်ဦးက တစ်ရက်မှာ မမြင်နိုင်တဲ့ ပလက်စတစ်အမှုန် ၇သန်းလောက်ကို ရှုနေရတယ် လို့ သိရပါတယ်။ အဲ့ဒိပမာဏကို အရင်တုန်းက တစ်ရက်ကို ၇သောင်းလောက်ရှုနေရတယ် လို့ ဆိုပေမဲ့ နောက်ဆုံး တိုင်းတာချက်အရ အဆ ၁၀၀ မက များပါတယ် လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပလက်စတ်အမှုန်တွေက အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်အတွင်းကို ဖောက်ဝင်နေတယ် လို့ ဆိုပါတယ်။ 

"ကျွန်ုပ်တို့ကြည့်ရာနေရာတိုင်းတွင်၊ ကျွန်ုပ်တို့၏ အိမ်များနှင့်ကားများအတွင်း၌ ရှူရှိုက်ရသည့်လေထဲတွင်ပင်  မိုက်ခရိုပလတ်စတစ်များကို တွေ့နေရတယ်" လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ ပြင်သစ်အဖွဲ့က ဆို့ပါတယ်။ "အကြီးမားဆုံးစိုးရိမ်မှုကတော့ ဒီအမှုန်အမွှားတွေ ဘယ်လောက်သေးငယ်သလဲ၊ သာမန်မျက်စိနဲ့ လုံးဝမမြင်ရပါဘူး။ အဲဒါတွေကို သတိတောင်မထားမိဘဲ အခါတိုင်း ထောင်နဲ့ချီပြီး ရှူရှိုက်နေရတာပါ"လို့ပြောပါတယ်။ 

သုတေသီတွေက လူ့ဆံပင်ထက် အဆမတန်သေးငယ်သော ၁ မိုက်ခရိုမီတာမှ ၁၀ မိုက်ခရိုမီတာအထိရှိသည့် ပလတ်စတစ်အမှုန်အမွှားများကို ခြေရာခံခဲ့ပါတယ်။ သူတို့ရဲ့ သေးငယ်လွန်းတဲ့ အရွယ်အစားက အဆုတ်ထဲကို နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ်အဖွဲ့က ၎င်းတို့ရဲ့ကိုယ်ပိုင်တိုက်ခန်းများနှင့် ကားများမှ လေနမူနာ ၁၆ ခုတွင် မိုက်ခရိုပလတ်စတစ်ပါဝင်မှုကို တိုင်းတာရန်အတွက် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများကို အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ 

သူတို့အဆိုအရ သူတို့ရဲ့ တိုက်ခန်းများတွင် တစ်ကုဗမီတာလျှင် ပျမ်းမျှအားဖြင့် မိုက်ခရိုပလတ်စတစ် အမှုန်အမွှား ၅၂၈ ခု က ရှူရှိုက်တဲ့ လေထဲတွင် မျောပါနေတာကိုတွေ့ခဲ့ပါတယ်။ ကားအတွင်းပိုင်းအတွက် ၁ ကုဗမီတာလျှင် အမှုန်အမွှား ၂၂၃၈ အထိ မြင့်တက်ခဲ့ပြီး ပုံမှန်မောင်းနှင်မှုအခြေအနေအောက်တွင် စမ်းသပ်ခဲ့တာပါ။ အများစု (၉၄%) က အချင်း ၁ မှ ၁၀ မိုက်ခရိုမီတာကြားရှိပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)