အမရပူရမြိုနယ်ရတနာပုံတက္ကသိုလ်၌ တိုက်ကွမ်ဒို သင်တန်းဆင်းပွဲနှင့်သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြိုနယ်ရတနာပုံတက္ကသိုလ်၌ တိုက်ကွမ်ဒို သင်တန်းဆင်းပွဲနှင့်သရုပ်ပြပွဲကျင်းပ

 


အမရပူရ  ၊ သြဂုတ် ၂၉


ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၁ ၌ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ဩဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ  ပါမောက္ခ(ဌာနမှူး)များ၊ တိုက်ကွမ်ဒို အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံတို က်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများ၊ တိုက်ကွမ်ဒို သင်တန်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းက သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြကြိုင်က တိုက်ကွမ်ဒို အားကစားနည်း နည်းစနစ်များနှင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ အကြောင်းကို မိတ်ဆက်ရှင်းလင်းသည်။

ဆက်လက်ပြီး သင်တန်းသားများက တိုက်ကွမ်ဒိုသရုပ်ပြကွက်များကို တင်ဆက်ပြသကြသည်။ ထို့နောက် ကွမ်ဒိုအားကစားဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းက ရတနာပုံတက္ကသိုလ်တွင် သင်တန်းပို့ချပေးခဲ့သည့် နည်းပြချုပ်ဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီမြှင့်ခဲ့သည်။

အဆိုပါ တိုက်ကွမ်ဒိုသင်တန်းကို ဇူလိုင်လမှ ဩဂုတ်လအထိ  သင်တန်းပို့ချခဲ့ရာ ဘာသာရပ်ဌာန အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၇ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)