မိုးညှင်း၌ မြို့နယ်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်း၌ မြို့နယ်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ




မိုးညှင်း  ၊ ဩဂုတ် ၃၁


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီမှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။


အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင်လှစ်ကြပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘိုးဘွားများ အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာသည့် မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယခုလို (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဦးတည်ချက် (၅) ရပ်နှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသား၊ အမျိုးသမီး အကများ၊ စန္ဒယားအတီး၊ စောင်းအတီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး၊ မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် မဟာဂီတအဆိုပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံအဆင့် ကျောင်းသား ကျောင်းသူများနှင့် အဆင့်မြင့်ပညာတို့မှ ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲဝင်စုစုပေါင်း (၃၂) ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ညနေပိုင်းတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အဆိုပါပြိုင်ပွဲများမှ ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ရွှေမိုးညှင်း


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)