ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်



လွိုင်ကော်၊ သြဂုတ် ၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အကြမ်းသောင်းကျန်းသူများကြောင့် လွိုင်ကော်မြို့တွင် ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု လင်ဖုံလေးကျေးရွာမှ ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားရာ အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်ကိစ္စရပ်များအား အသီးသီးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုရပ်နေရာတွင် နေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးရေး၊ ကျောင်းနေအရွယ် ကလေးငယ်များ နီးစပ်ရာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ရေးနှင့် ပြည်သူများ ၎င်းတို့၏ကျေးရွာများတွင် ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် စနစ်တကျ စိစစ်နေရာချထားပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)