ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအား တွေ့ဆုံအမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ ဩဂုတ် ၂

ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အတွက် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် ဆရာဝန်(သစ်လွင်)များကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယမန်နေ့က ယာယီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်၊ မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အတွက် ဆရာဝန်(သစ်လွင်) ၁၄ဦး ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်နှင့် မန္တလေးတို့ရှိ အလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း၊ ဌာနကြီးဆေးခန်း၊ တိုင်းရင်းဆေးကုခန်း ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စာချုပ် ဆေးခန်း၊ သားဖွားခန်းနှင့် ရွေ့လျားဆေးကုသယာဉ် များအပြင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ (မန္တလေး)တို့၌ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဆရာဝန် (သစ်လွင်) များအနေဖြင့် အလုပ်သမားဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်လက်တွဲ၍ ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများအား လုပ်ငန်း ခွင်လက်တွေ့လေ့လာသင်ယူကြရန်နှင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ရာ၌ နွေးထွေးပျူငှာစွာ စေတနာထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်၊ မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)