မြောက်ဥက္ကလာပမြို့နယ်၌ (၃၈)ဖြာမင်္ဂလာ နှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ (၃၈)ဖြာမင်္ဂလာ နှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်







မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအ သင်း YMBAနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA တို့မှပူးပေါင်း၍(၃၈)ဖြာမင်္ဂလာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန် (ဆ)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပြုလုပ်ရာ မရမ်းကုန်းခရိုင်နှင့် မြောက်ဥက္ကလာပ (YMBA) အသင်းတို့၏ ဩဝါဒါစရိယမင်္ဂလဓမ္မဇောတိကဓဇအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏိန္ဒ၊ မြောက်ဥက္ကလာပမြို့နယ်(YMBA)ဩဝါဒါစရိယဆရာတော်မင်္ဂလဓမ္မဇောတိကဓဇ ၊မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ဣန္ဒက ၊ သင်တန်းဩဝါဒါစရိယဆရာတော်သာသနဓဇဓမ္မာစရိယ၊ ဘဒ္ဒန္တ ဉာဏဓမ္မ တို့ကြွရောက်တော်မူခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဩဝါဒါစရိယ၊ မင်္ဂလဓမ္မဇောတိကဓဇ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်က ဩဝါဒစကားမြွတ်ကြားပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဥက္ကဋ္ဌ ဦးဟန်၀င်းလှိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးသန်း၀င်းက ဂုဏ်ပြုအမှာစကား ပြောကြားကာ  မရမ်းကုန်းခရိုင် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း  ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းဦးက ကျေးဇူးတင်စကား ဆက်လက်ပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။  

အဆိုပါ(၃၈)ဖြာမင်္ဂလာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းကိုမြောက်ဥက္ကလာပမြို့နယ်အခြေခံကျောင်းများမှဆရာဖြစ်သင် တန်းတက်ရောက်ကြသည့် ဆရာ၊ဆရာမ (၇၈)ဦး ၊   မရမ်းကုန်းမြို့နယ်မှသင်တန်းသား/သူ(၁၀)ဦး နှင့် လှိုင်မြို့နယ်မှသင်တန်းသား/သူ(၂)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ  သင်ကြားပို့‌‌ချ ပေးမည်ဖြစ် ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)