ဩဂုတ် - ၁၄ ( ကြာသပတေးနေ့ )
ဥရောပသမဂ္ဂ ( အီးယူ ) နိုင်ငံများသို့ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သည့် ရုရှားရဲ့ ဒရူဇဘာ ရေနံ ပိုက်လိုင်းစနစ်အား ဒရုန်းဖြင့် တိုက်ခိုက်မှုအတွက် ဟန်ဂေရီက ယူကရိန်းကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုကြောင့် ဟန်ဂေရီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးကို အန္တရာယ်ဖြစ်လာနေပြီ လို့ သတိပေးလိုက်ပါတယ်။
ဒရူဇဘာ ပိုက်လိုင်းက ရုရှားနဲ့ ကာဇက်စတန်မှ ရေနံစိမ်းများကို ကီလိုမီတာ ၄ထောင်ခန့်အကွာရှိ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန်နှင့် စလိုဗက်ကီးယားရှိ သန့်စင်ခန်းများသို့ ပို့ဆောင်ပေးနေတဲ့ ကမ္ဘာ့အရှည်ဆုံး ပိုက်လိုင်းကွန်ရက်များထဲမှ တစ်ခုဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ စဇီဂျာတို ရဲ့ အိတ်စ်မီဒီယာအကောင့်တွင် "ရုရှားနိုင်ငံ ဘရိုင်ယန်နက်စ် ဒေသရှိ ဒရူဇဘာ ရေနံပိုက်လိုင်းရဲ့ အဓိကဖြန့်ဖြူးရေးစခန်းကို ယူကရိန်းစစ်တပ်က ညဘက်မှာ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်" လို့ ရေးတင်ခဲ့ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ ယူကရိန်းဒရုန်းအများအပြားကို ရုရှားစစ်တပ်က ပစ်ချနိုင်ခဲ့ပေမဲ့ လွတ်သွားတဲ့ ဒရုန်းတွေက ဘရိုင်ယန်နက်စ် ဒေသက ရေနံပိုက်လိုင်းထိန်းချုပ်ရေး စခန်းဖြစ်တဲ့ ယူနီချာ စခန်းကို တိုက်ခိုက်မိပြီး ပေါက်ကွဲလောင်ကျွမ်းခဲ့လို့ နေရာအနှံ့အပြား မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်း စစ်ဦးစီးချုပ်ကလည်း ရေနံတွန်းပို့ပေးတဲ့စခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖေ့စ်ဘုတ်ပို့စ်တွင် အတည်ပြုခဲ့သည်။ ရုရှားကတော့ အခုချိန်ထိ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။
စဇီဂျာတို ကတော့ အဲ့ဒိ ပိုက်လိုင်းက ဟန်ဂေရီနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါတဲ့ ပိုက်လိုင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အဲ့ဒိ စနစ်မှတစ်ဆင့် ရေနံတင်ပို့မှုအပေါ် မှီခိုနေရတဲ့ ဟန်ဂေရီနိုင်ငံကို ထိခိုက်နေပြီ လို့ ပြောသွားပါတယ်။
ဟန်ဂေရီက ယူကရိန်းကို “နံပါတ်တစ်လျှပ်စစ်ဓာတ်အား ပေးသွင်းသူ” ဖြစ်ပြီး ဟန်ဂေရီမှာ စွမ်းအင် မတည်မငြိမ်မှုဖြစ်တာနဲ့ ယူကရိန်းမှာလည်း အဲ့ဒိနောက်ဆက်တွဲကို ခံစားရမှာပဲဖြစ်ပြီး ဟန်ဂေရီရဲ့ စွမ်းအင်ထောက်ပံ့မှုလမ်းကြောင်းကို အန္တရာယ်ဖြစ်စေမယ့် တိုက်ခိုက်မှုမျိုးကို မလုပ်ဖို့နဲ့ ဟန်ဂေရီကို စစ်ပွဲထဲပါလာအောင် မလုပ်ဖို့အတွက် ယူကရိန်းကို ပြောချင်တယ်လို့ ၎င်းကဆိုသွားပါတယ်။
ယူကရိန်းစစ်တပ်က ဒရူဇဘာ စနစ်အပါအဝင် ရုရှားစွမ်းအင်အခြေခံအဆောက်အအုံများကို အကြိမ်ကြိမ် ပစ်မှတ်ထားကြောင်းနဲ့ မတ်လတုန်းကလည်း ရေနံပိုက်လိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က အတည်ပြုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment