ကြံခင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ






ကြံခင်း၊ ဩဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့ကွင်းပြင်တွင် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံဆရာမကြီး ဒေါ်စန်းစန်းကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံလာစေရန်၊ လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ စာပေလေ့လာဖတ်ရှုတတ်လာစေရန်၊ အပြောစွမ်းရည်နှင့် အချင်းချင်းပူးပေါင်း ဆွေးနွေးတတ်သည့် အလေ့အထများရရှိလာစေရန် စသည့်ရည်ရွယ်ချက်များ စွာဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ပြီး Grade - 11 ကျောင်းသား မောင်ကျော်သန့်စင်က “လူငယ်နှင့် စာပေ”၊  Grade – 11 ကျောင်းသူ မဖြိုးသီရိထက်က “စာကြည့်တိုက်မှာ ပညာရှာ” ၊ Grade – 9 ကျောင်းသား မောင်ဆက်ဝင့်ဖြိုး “လူငယ်နှင့် ကိုယ်ချင်း စာစိတ်”၊ Grade – 9 ကျောင်းသူ မနှင်းသီတာလှိုင်က “လူငယ်နှင့်အတွေ့အကြုံ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေး မှုအပေါ် ဆရာမကြီး ဒေါ်စန်းစန်းကြည်က သုံးသပ်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြသည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်း တွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အမှတ် တရလက်ဆောင် ပေးအပ်ခဲ့ပြီး အထက်တန်းပြဆရာကြီး ဦးအေးမင်းက ကျေးဇူးတင်စကားပြန်လည်  ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့် သုတ ရသစာအုပ်စာစောင်ပြပွဲနှင့်မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)