အစ္စရေးကို ပိတ်ဆို့အရေးယူဖို့လုပ်နေတဲ့ ဥရောပသမဂ္ဂ ကို ဂျာမနီက အာခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးကို ပိတ်ဆို့အရေးယူဖို့လုပ်နေတဲ့ ဥရောပသမဂ္ဂ ကို ဂျာမနီက အာခံ


ဩဂုတ် - ၃၁ ( တနင်္ဂနွေနေ့ ) 

ဂါဇာအရေးကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးကို ပိတ်ဆို့အရေးယူရန်အတွက် ဥရောပကော်မရှင်ရဲ့ နောက်ဆုံး အဆိုပြုချက်ကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝဒီဖော် က အာခံပြီး ပယ်ချလိုက်ပါတယ်။ 

ဂါဇာမှာ အစ္စရေး အပြုအမူနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပြင်းထန်သော တုံ့ပြန်မှုများကို ပြုလုပ်နေပါတယ်။  အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသအတွင်းကို ဝင်လာတဲ့ ဘယ်အကူအညီမှ ခွင့်မပြုပါဘူး။ အနောက်နိုင်ငံအများအပြားက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် အစီအစဉ်များကို ကြေညာထားပြီး ဖြစ်တာမို့လို့  အစ္စရေးနဲ့ စစ်ရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်လျှော့ သွားမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ဥရောပကော်မရှင်သည် Horizon Europe သုတေသနအစီအစဉ်တွင် အစ္စရေးရဲ့ပါဝင်မှုကို ဆိုင်းငံ့ထားလိုက်ကာ ဒရုန်းနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး နဲ့ အေအိုင်(ဉာဏ်ရည်တု)လုပ်ငန်းများတွင် အစ္စရေး ပါဝင်ခွင့်မရအောင် လုပ်မှာဖြစ်ပြီး အစ္စရေးနဲ့တွဲလုပ်နေတဲ့ လုပ်ငန်းများကို ရန်ပုံငွေဖြတ်တောက်ရန် အဆိုပြုခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့မှု တိုးတက်စေရန် အစ္စရေးကို ဖိအားပေးဖို့ ရည်ရွယ်လိုက်တာပဲဖြစ်ပါတယ်။ 

စနေနေ့က ကိုပင်ဟေဂင်တွင် ပြုလုပ်တဲ့ ဥရောပသမဂ္ဂ အစည်းအဝေး ဘေးဘက် အင်တာဗျူးမှာ ဝဒီဖော် က သတင်းထောက်များအား ပြောကြားရာတွင် အဆိုပါ အစီအစဉ်ကို ဂျာမနီက ပယ်ချခဲ့ကြောင်း၊ အစ္စရေး၏ အီးယူ သုတေသန ရန်ပုံငွေများကို ကန့်သတ်ချုပ်ချယ်ခြင်းက အစ္စရေးတွေ ဂါဇာကိုဝင်နေတဲ့ စစ်ရေးဆောင်ရွက်မှုအပေါ် သြဇာသက်ရောက်မည်မဟုတ်ကြောင်း၊ ဘာလင်အစိုးရက ဂါဇာတွင် အသုံးပြုနိုင်သည့် လက်နက်များ ပေးပို့မှုကို ကန့်သတ်ထားပြီးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး အီးယူအနေနဲ့ အလားတူအဆင့်များကို အာရုံစိုက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ 

အလှည့်ကျ အီးယူဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ ဒိန်းမတ်နိုင်ငံက အစ္စရေးကို ကုန်သွယ်ရေး ပိတ်ဆို့မှုလုပ်မယ်လို့ ဆိုတဲ့အပြင် စပိန် ကလည်း အစ္စရေးကို အီးယူနိုင်ငံတွေ မေ့နေတာက ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး ရုရှားကို ဖိအားပေးဖို့ပဲ စိတ်အားသန်နေလို့ဖြစ်တယ်လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)