မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်းမင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်းမင်္ဂလာအခမ်းအနား တက်ရောက်


မော်လမြိုင် သြဂုတ် ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များမှအရာရှိစစ်သည်များနှင့် အလှူရှင်များက အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခဲ့ကြသည်။

အဆိုပါ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို မော်လမြိုင်မြို့၊​ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၂၅၅)ကျောင်းအတွက် လှူဒါန်းငွေကျပ်သိန်း(၇၈၀)ကျော်ကို စာရေးတံမဲနှိုက်၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ ရှေးအစဉ်အလာမွန်ဘိုးဘွားများ နှစ်စဉ်ကျင်းပလှူဒါန်းခဲ့သော အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို သမိုင်းဝင်ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ကျင်း ပခဲ့သည်မှာ(၁၃၄)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)