ဧရာဝတီတိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ







ပုသိမ်၊ ဩဂုတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၉-၈-၂၀၂၅ ရက်နေ့က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 

တိုင်းဒေသကြီး ဝန်ကြီးချုပ်က “(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ  ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ပိုမိုရရှိခဲ့သည့် အတီးဘာသာရပ်တွင် ပိုမိုအားထည့်ဆောင်ရွက်လိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာ ပထမပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲဝင်ရန် စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များထားရှိရန် တည်းခိုမည့်နေရာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်” အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသာပြတိုက်ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ယှဉ်ပြိုင်ရန်လျာထားသည့် ပြိုင်ပွဲဝင်အဆင့်များနှင့် ဘာသာရပ်များ၊ ယခင်နှစ်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် အင်အားစာရင်းနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများ၊ (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ပြဌာန်းထားသော ပြိုင်ပွဲဝင် တေးသီချင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲ အောင်နိုင်ရေးအတွက်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)