ပေကျင်းမြို့ရှိ လင်ကွန်းစွယ်တော်ကျောင်းတိုက်သို့ ဆဋ္ဌသင်္ဂါယနာမူ (မြန်မာ၊ ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ပိဋကတ်သုံးပုံပါဠိတော်စာအုပ်များအား လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေကျင်းမြို့ရှိ လင်ကွန်းစွယ်တော်ကျောင်းတိုက်သို့ ဆဋ္ဌသင်္ဂါယနာမူ (မြန်မာ၊ ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ပိဋကတ်သုံးပုံပါဠိတော်စာအုပ်များအား လှူဒါန်း



ပေကျင်း၊ သြဂုတ် ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီးဒေါ်မိမိမော် ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော် ကျမ်းစာအုပ်များအား ၁၈-၈-၂၀၂၅ ရက်၊ နံနက် ၁၀၀၀ နာရီတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွန်းစွယ်တော်ကျောင်းတိုက်ဆရာတော်၊ တရုတ်ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော်ချန်းကျန့်ထံသို့ သွားရောက်လှူဒါန်းခဲ့သည်။ 

ထို့ပြင် မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ သံရုံးဝန်ထမ်းများက ဆရာတော်ထံ သစ်သီးဆွမ်းလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)