ဩဂုတ် - ၁၄ ( ကြာသပတေးနေ့ )
ယခုနွေရာသီတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လစ်သူယေးနီးယားသည် စိုက်ခင်း အများအပြား ပျက်စီးခဲ့တာကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
အဆိုပါ လှုပ်ရှားမှုသည် ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံလိုက်ရတဲ့ တောင်သူလယ်သမားများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညှိနှိုင်းမှု ပိုမိုလုပ်ဆောင်နိုင်လိမ့်မယ်ဖြစ်ကြောင်း လစ်သူယေးနီးယားအစိုးရက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မချမီ စည်ပင်သာယာရေးအဖွဲ့ ၁၄ ဖွဲ့က ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများကို ကြေညာထားပြီးဖြစ်ပါတယ်။
ဂျုံရိတ်သိမ်းမှုကာလမှာ မိုးကြီးသွားတဲ့အတွက် ရိတ်သိမ်းမှုရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ လယ်မြေတွေမှာ ရေလျှံနေသောကြောင့် လယ်သမားတွေ သီးနှံများကို မရိတ်သိမ်းနိုင်ခဲ့ကြောင်း ဆိုပါတယ်။
"ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား နောက်ရာသီ သီးနှံများ စိုက်ရန် စာချုပ်ပါ ဝတ္တရားများကို လယ်သမားတွေက ကျေပွန်စွာ ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး" လို့လည်းဆိုပါတယ်။
ရှည်လျားသောမိုးရာသီသည် မေလနှောင်းပိုင်းတွင် စတင်ခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လများတွင် နိုင်ငံရဲ့မိုးရေချိန်က ဒုတိယမြောက် မိုးရွာသွန်းမှု အများဆုံးဖြစ်လာခဲ့ကြောင်း အစိုးရက မှတ်ချက်ပြုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment